27 C
Yangon

ငါန်းဇွန်နှင့် တံတားဦးမြို့နယ်တို့တွင် ဖြတ်သန်းသွားလာနေသော စစ်တပ်ကိုမိုင်းဆွဲမှု စစ်သား ၇ ဦးသေဆုံးဟုဆို၊ ကျိုက်ထိုမြို့နယ်တွင် စစ်တပ်ကို တိုက်ခိုက်မှု အရာရှိ အပါအဝင် ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၈

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်နှင့် တံတားဦးမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ပဒေသာမိုင်းများဖြင့်​တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ခံ ကိုသန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၂နာရီ ၂၀ မိနစ်ခန့်အချိန် ငါန်းဇွန်မြို့နယ်နှင့် တံတားဦးမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသော စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၁၀လုံးဖြင့် မိုင်းဆွဲတိုက်ခဲ့ကြောင်း၊ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်တပ်ဘက်မှ စစ် သား ၇ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်းသိရှိရသည်။

“သေဆုံးတာက စစ်ခွေး ၇ကောင် သေဆုံးတယ်လို့ သိရတယ်။ ထိ ခိုက်ဒဏ်ရာရှိသူများများလည်း ရှိတယ်လို့ သိရတယ်။ စစ်ခွေး ထွက်လာတာ အင်းအားကတော့များတယ်။ ကား၃စီးအပြည့်ပဲ။ မိုင်းဆွဲတဲ့နေရာက၁၄မိုင်လမ်းတစ်နေရာမှာပါ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးဘက်က လက် နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုးမရှိပါဘူး။ နောက်ထက်လည်းဆ​က်လက်ပြီးပြင်းပြင်း ထန်ထန်ချေမှုန်းသွားပါ”ဟု နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ခံ ကိုသန့်က ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံတိုက်နယ် ၃ နဂါးနီပြောက်ကျား တပ်ဖွဲ့ ၊ ငါန်းဇွန်တိုက်နယ် ၄ ၊ ရဲရင့်ညီနောင်တပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

အလားတူ မတ်လ ၄ ရက်နေ့ နံနက် ၈ နာရီ ၄၆ မိနစ်အချိန် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ အရာရှိ ၂ ဦး သေဆုံးပြီး စစ်အသုံးဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း Urban Operation Column အဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့စတင်၍ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့၊ ခရွဲမကျေးရွာမှစတင်၍ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကြောင်းဖြစ်ကြောင်း၊ စစ်အင်အား ၃၀၀ ခန့်ပါဝင်ပြီး တော်လှန်ရေး တပ်ဖွဲ့များက မတ်လ ၄ ရက်နေ့ ကျောက်ရေတွင်းအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ မိုင်းဆွဲတိုက်ခိုက်ရာတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ခမရ ၅၄၇ နည်း ဗျူဟာမှူးနှင့် စကခ ၁၂ မှ တပ်ကြပ် ၂ ဦးသေဆုံးကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရှိသူများပြားခဲ့ပြီး၊ စစ်အသုံးဆောင်ပစ္စည်းအချို့သိမ်းဆည်းရမိကြောင်း သိရှိရသည်။

” ခမရ ၅၄၇ နည်ဗျူဟာမှုးနဲ့အတူလိုက်ပါလာတဲ့ စကခ ၁၂ မှ အရာရှိလည်း ဆေးရုံသယ်တဲ့လမ်းမှာသေသွားတယ်သတင်းရပါတယ်။ ခေါင်ထိတပ်ပျက် တပ်ပြန်ဆုတ်သွားတယ်။ ဖောဝှီးတစ်စီး ဓါတ်တိုင်ပြတ်ထွက်သည်အထိအရှိန်နဲ့တိုက်မိတာရော အစစင်ထိတာရောကြောင့် အရာရှိတွေအပြင် ကားပေါ်ပါသူအားလုံးသေဖို့များတယ်။ ၂ ဦး သေတာကအတည်ပြုလို့ရပါတယ်။ စစ်ခွေးသေစာရင်းက ခမရ၅၄၇ နည်းဗျူဟာမှူးနှင့် စကခ၁၂ က တပ်ကြပ်တို့ သေဆုံးတယ်”ဟု Urban Operation Column အဖွဲ့မှ တာ၀န်ရှိသူက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို KNLA တပ်ရင်း ၃ – တပ်ခွဲ ၄ ၊ ABSDF တပ်ရင်း ၃ နှင့် U.O.C ပူးပေါင်းအင်အားစုတို့က ပူးပေါင်းလုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို KNLA တပ်များက တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article