By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-နိုင်ငံဖြတ်ကျော် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့နှင့် မြန်မာအပါအဝင် လက်ခံထားတဲ့ နိုင်ငံတွေအပေါ် ပိတ်ဆို့အရေးယူဖို့ အကူအညီတွေ ဖြတ်တောက်ဖို့ကို အမေရိကန်သမ္မတထရမ့်က မတ်လ ၆ ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
-ရှမ်းပြည်နယ်ဘက်မှာတော့ ရှမ်းပြည်နယ်မှာ တစ်ပိုင်တစ်နိုင်သယ်လာတဲ့ ဆီပုံးတွေကို စစ်တပ်က စီမံချက်နဲ့ ဖမ်းဆီးနေပြီး လားရှိုးမှာ စက်သုံးဆီပြတ်လပ်နေတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်
ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ လာစစ်ဆေးတဲ့ ICRC အဖွဲ့ဆီကို ထောင်တွင်းလိုအပ်ချက်တွေ တင်ပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လူမဆန်စွာ ရိုက်နှက်ညဉ်း ပန်းနေတယ်လို့ အကျဉ်းထောင်နှင့် နီးစပ်သူတွေက ရန်ကုန် ခေတ်သစ်ကိုပြောပါတယ်။
အီရန်ရဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိနေတာကြောင့် ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ရှိတယ်လို့ ယူအေအီးသမ္မတ ပြောကြားလိုက်ပါတယ်။ အီရန်နိုင်ငံက အမေရိကန်စစ်စခန်းတွေရှိရာ ပင်လယ်ကွေ့ နိုင်ငံတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ဆက်တိုက်ပစ်ခတ်နေတဲ့ အပေါ် ယူအေအီးသမ္မတ ရှိတ်မိုဟာမက် က ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။




