By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားဖို့ ကြံ့ဖွတ်လွှတ်တော်မှာ အဆိုတင်သွင်းအရေးဆိုမယ်လို့ ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းကို ပြောပါတယ်။
ဒီနေ့ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်အစည်းအရုံး တည်ထောင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် လူသိများတဲ့ “နှင်းဆီ” အဖွဲ့ရဲ့ ဖျော်ဖြေပွဲတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ပွဲပြန်ထွက်မယ်လို့ ရုပ်ရှင်လောကသားတွေဆီကနေ သိရပါတယ်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကို ဦးတည် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်မှာရှိတဲ့ တပ်ရင်းတွေနှင့်အတူ မဟာမိတ်တပ်တချို့ ကလည်း ပူးပေါင်း ခုခံတိုက်ခိုက်နေတယ်လို့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦးရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
အီရန်စစ်ပွဲကို အနိုင်တိုက်ဖို့ ဗြိတိန်ရဲ့အကူအညီ မလိုဘူးလို့ အမေရိကန်သမ္မတထရမ့်က ပြောကြားလိုက်ပါတယ်။ အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ အနိုင်ရဖို့အတွက် ဗြိတိန်ရဲ့ အကူအညီကို မလိုအပ်တော့ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၇ ရက်နေ့ စနေနေ့ မှာ ပြတ်ပြတ်သားသား ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




