29 C
Yangon

ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ စနေဘုရားကျောင်းနှင့် ပြည်သူပိုင် နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မတ် ၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ စနေဘုရားကျောင်းနှင့် ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၈ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက် စနေဘုရားကျောင်းနှင့် ပြည်သူပိုင် နေအိမ်များကို ဒကစ ၃ မှ စစ်သားများ၊ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့နှင့် ရွှေမင်းပြည်သူ့စစ်အဖွဲ့ များက ဝင်ရောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ခွေးတွေနဲ့ သူတို့ နောက်လိုက်တွေ ရောက်လာပြီး မီးရှို့သွားတာ စနေဘုရားကျောင်းနဲ့ ပြည်သူပိုင် နေအိမ်တွေ မီးလောင်နေတယ်။ ညနေ ၆ နာရီကျော်လောက်က စရှို့သွားတာလို့ သိရတယ်။ ပျက်စီးမှုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မတ်လ ၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်တွင် အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း လက်ရှိချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ဘဲ စစ်တပ်က ပြည်သူပိုင် နေအိမ်များကို မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ ၄ ရက်နေ့ကလည်း ဖားကန့်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ ဖားကန့်ဗျူဟာကုန်းက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် မရှီကထောင်ရပ်ကွင် ကလပ်ကုန်းအနီးကို ကျည်ကျရောက် ပေါက်ကွဲကာ အသက် ၇၀ အရွယ် အဘွားအို ဒေါ်ဂျာဖာလု နှင့် အမည်မသိ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article