29 C
Yangon

စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်တွင် အာရက္ခတပ်တော် AAနှင့် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေပြီး ပြည်သူ ၂ သိန်း ကျော် စစ်ဘေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ မတ် ၈

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်တွင် အာရက္ခတပ်တော် AA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ ၂ သိန်းကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်များ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူ စာရေးဆရာ ဝေဟင်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မတ်လအစောပိုင်းမှ စတင်ပြီး စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်တွင် အကြမ်းဖက် စစ်တပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲများ ပြင်းထန်နေပြီး ယင်းတိုက်ပွဲများကြောင့် မြို့နယ် အစပ်ရှိ ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ဖြစ်နေတာက ပုဏ္ဏားကျွန်းမြို့နယ် နဲ့ စစ်တွေမြိူ့နယ် အစပ်မှာပါ။ AA က ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ထိုးစစ်ဆင်နေတာပါ။ အဲဒါကြောင့် ပုဏ္ဏားကျွန်းမြိုနဲ့ စစ်တွေမြို့ အကြားက ရွာတွေ အကုန်းလုံးနီပါးက စစ်မြေပြင်ဆိုတော့ အဲဒီက လူတွေ အကုန်လုံး စစ်ရှောင်ကြရတာဖြစ်တယ်။ ဒီရက်ပိုင်းမှာ သိသိသာသာ ပြင်းထန်လာတယ်။ အရင်တုန်းက​တော့ အပြန်အလှန် ပစ်ခတ်ရုံက​နေ အခု​တော ပိုမို ပြင်းထန်လာတဲ့ သ​ဘောပါ” ဟု စစ်ဘေးရှောင်များ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူ စာရေးဆရာ ဝေဟင်အောင်က ရှင်းပြသည်။

ထိုထိတွေ့ တိုက်ပွဲများသည် လက်ရှိချိန်ထိ ဆက်လက် ပြင်းထန် ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ဘေး တိမ်းရှောင်နေရသူ ပြည်သူ ၂ သိန်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း၊ ယင်းသို့ စစ်ဘေးရှောင် အရေအတွက် များပြားလာခြင်းကြောင့် လက်ရှိချိန်တွင် အခြေခံစားသောက်ကုန်နှင့် အမိုးအကာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

“အခု ထွက်လာတဲ့ လူသစ်​တွေမှာ စစ်​တွေမြို့နယ်က​ရော ပုဏ္ဏားကျွန်းမြို့နယ်ဘက်​တွေရောဆိုရင် ခန့်မှန်းခြေ ၂ သိန်း​ကျော် လောက်​တော့ ရှိ​လောက်မယ်။ လိုအပ်တာက အကုန်လုံးပါ။ လက်ဗလာ ​ခြေဗလာ ​ပြေးလာကြရ​တော့။ အ​ခြေခံလိုအပ်ချက် အားလုံးလိုပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ​​နေရာတွေက အတိအကျ ​ပြောဖို့ခက်တယ်။ ​နေရာ​တော်​တော်များများဘက်က​တော့ ဖြစ်​နေတာ​တော့ ကြားပါတယ်။ တိတိကျကျ သိဖို့ ခက်​သေးတယ်။ စစ်ပွဲ ဧရိယာနဲ့ ထိစပ်တဲ့ ​နေရာ​တွေမှာ​တော့။ လူ​တွေ အကုန်လုံးနီးပါး ​ရှောင်​နေရတယ်” ဟု စာရေးဆရာ ဝေဟင်အောင်က ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article