By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ပုဂ္ဂလိက ရုပ်သံလိုင်းသစ်တွေ ချထားပေးမှု အပါအဝင် ပြန်ကြားရေးနှင့်ပတ်သက်နေတဲ့ လုပ်ငန်းတင်ဒါ တွေ အတွက် ဝန်ကြီး မောင်မောင်အုန်းနှင့် ညွှန်ချုပ် အေးကြွယ်တို့က ငွေကျပ် သိန်းထောင်ချီ လာဘ်ငွေရ ယူခဲ့တယ်လို့ ပြန်ကြားရေးနှင့်နီးစပ်သော သတင်းရင်းမြစ်တွေနဲ့၊ ငွေပေးခဲ့ရတဲ့ ရုပ်သံလိုင်းကုမ္ပဏီ သတင်းရင်းမြစ်တို့က ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
ကချင်၊ ချင်း နဲ့ ရခိုင် ပြည်နယ်တွေပို ပို့ဆောင်မယ့် စက်သုံးဆီ အမျိုးမျိုးကို အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ခွင့်ပြုချက်ရမှာသာ သယ်ယူဖြတ်သန်းခွင့်ပြုမှာဖြစ်တယ်လို့ NUG ပြည်ထဲရေး ဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ဈေးအတွင်း ပစ္စည်းတွေခိုးယူပြီးပြန်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၄ ဦးသေဆုံးပြီး ကျည်နှင့် ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ Ayar Daung တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းမှာ ရေနံစည် တစ်စည်ကို အမေရိကန် ဒေါ်လာ ၁၀၀ ကျော်အထိ ထိုးတက်သွားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




