ရန်ကုန်၊ မတ် ၉
မကွေးတိုင်း၊ ချောက်-ဆိပ်ဖြူလမ်းပိုင်းတွင် ပျူစောထီးခေါင်းဆောင် စိန်နားကပ်ထံသို့ လိုင်စင်မဲ့ကား ပို့ဆောင်ပေးသော ဆေးတပ်ဗိုလ်ကြီး ဘိုဘိုနှင့် နောက်လိုက် ဒရိုင်ဘာတို့ကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ဧရာဒေါင်းတပ်ဖွဲ့မှ သတင်းနဲ့ပြန်ကြားရေး ကိုရှိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၁ ရက်နေ့တွင် ချောက်-ဆိပ်ဖြူလမ်းပိုင်းတွင် တော်လှန်ရေးရဲဘော်များ ရှောင်တခင်စစ်ဆေးမှုလုပ်နေချိန်အတွင်း မိတ္ထီလာမြို့မှတစ်ဆင့် ချောက်မြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ လိုင်စင်မဲ့ကား သွားရောက်ပို့ဆောင်သည် အသက် ၃၇ နှစ်အရွယ် ဆေးတပ်ဗိုလ်ကြီး ဘိုဘိုနှင့် အသက် ၂၅ နှစ်အရွယ် ယာဉ်မောင်း ထက်မြတ်ဦးတို့ကို ဧရာဒေါင်းတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကာ ကားကိုလည်း သိမ်းဆည်းရမိကြောင်း သိရှိရသည်။
“ဆေးတပ် ဗိုလ်ကြီးဘိုဘို အသက်က ၃၄ နှစ်ပါ။ သင်တန်းကာလက ၄ နှစ်ခန့်ဖြစ်မယ်။ လုပ်သက်က ၁၆ နှစ်ရှိပြီ မန္တလေးသားပါ။ ရခိုင်မှာ ၇ နှစ်တာ၀န်ကျပြီး အခု မိတ္ထီလာမြို့ မှာတာ၀န်ကျတာ အပြင်ကြားပေါက် ကားပိုရင်း ကျနော်တို့ ချောက်-ဆိတ်ဖြူလမ်းပိုင်းမှာ စစ်ဆေးရေးလုပ်နေတုန်း မိတာပါ။ ကားသွားပိုတာ ချောက်ပျူခေါင်းဆောင် စိန်နားကပ်ဆီကို သူနဲ့အတူ ကားသမားတစ်ယောက်ပါတယ်။ နာမည်က ထက်မြတ်ဦး သူက ကားတွေ ပစွည်းတွေကို စကစနဲ့ပေါင်းပြီး ပို့ပေးနေတာ” ဟု ဧရာဒေါင်းတပ်ဖွဲ့မှ သတင်းနဲ့ပြန်ကြားရေး ကိုရှိန်းက ပြောဆိုသည်။
အဆိုပါ ဖမ်းဆီးရမိသည့် ဗိုလ်ကြီး ဘိုဘို မင်္ဂလာဒုံမြို့နယ် တပ်မတော်သုနာပြုနဲ့ဆေးဘက်ပညာတက္က သိုလ်တွင် ၂၀၀၇ ခုနှစ်မှ ၂၀၁၀ အထိတက်ရောကခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်မှ အခုလက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေရာ စစ်မှုထမ်းသက် ၁၆ နှစ်ရှိပြီဖြစ်ကြောင်း၊ လက်ရှိချိန်တွင် မိတ္ထီလာမြို့ အမှတ် ၁ တပ်မတော်ဆေးရုံ (ကုတင် ၅၀၀) တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း၊ ၎င်းက လစာအပြင် အောက်ဆိုက် အပြင်စီးပွားရေး အနေဖြင့် ပျူစောထီးခေါင်ဆောင် စိန်နားကပ် ထံသို့ လိုင်စင်မဲ့ကားများကို ကယ်ရီပို့ဆောင်ပေးနေကြောင်း၊ လက်ရှိမှာ လိုင်စင်မဲ့ ကား ၃ စီးကို ပို့ဆောင်ပေးထားပြီး ဖြစ်ကြောင်းသိရှိရသည်။
“၃ လပိုင်း ၁ ရက်နေ့မှာ သွားတာပါ ကားသွားပို့ရင်နဲ့ တော်လှန်ရေးတပ်တွေ ဖမ်းဆီးခြင်းခံရတာပါ။ မိတ္တီလာကနေ့ ချောက်ကိုပို့ဆောင်ရတာ မိတ္တီလာကနေ့ကားယူပြီးတော့ ချောက်ကဘုန်ကြီးကျောင်းမှာ သွားပြီးပို့တာပါ ဘုန်းကြီးကျောင်းပို့ပြီးတော့မှ သုံးဘိန်းနဲ့လာပြီးတော့မှ ခေါ်တယ်။ အဲ့သုံးဘိန်းနဲ့မှ ချောက် ကကားဂိတ်ကို ပို့ပေးတယ်။ ချောက်ကားဂိတ်ကနေမှ ကျနော်တို့က မိတ္တီလာကိုပြန်ပြီးတော့မှာ သူတို့က ပိုက်ဆံလွဲပေးတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိတာက သွားပို့တဲ့ အချိန်မှာပါ။ မိတ္တီလာကနေ့ ချောက်ကိုပို့တဲ့လမ်း ဂွေးချို့နဲ့ ချောက်နဲ့ ကြားထဲမှာပါ။ အဲ့ကားက ချောက်မြို့နယ်က ပျူစောထီးခေါင်းဆောင် စိန်နားကပ်ကားလို့တော့ သိရတယ်။ ကျွန်တော်က လိုင်စင်မဲ့ကားတွေကို ကယ်ရီပို့ကတဲ့ ပုံမျိုးပါ လစာအပြင် အောက်ဆိုဒ်ရှာတဲ့ သဘောမျိုးပါ။ မိတ္တီလာကနေ့ ချောက်ကိုပို့ရပြီး ပြန်ရောက်ရင် ကယ်ရီကြေးရမယ်ပြောတယ် ပို့ခိုင်းတာက ဘယ်သူလဲတော့ သေချာမသိရဘူး။ တပ်ထဲကကျွန်တော် ကယ်ရီပို့တဲ့ သူချင်းတွေက အဲ့ကားသမားနဲ့လိုက်သွားလို့ပြောတယ်။ အခုတစ်ခေါက်နဲ့ဆို ၃ ခေါက်ရှိပြီ။ ကားပေါ်မှာ တခြားဘာမှမပါဘူး အရပ်ဝတ်နဲ့ပဲ သွားတာပါ။ ဒီမှာတော့ ကျွန်တော်တို့ကို ကောင်းကောင်းမွန်မွန်ဘဲထားပါတယ်။ တခြားဘာမှမလုပ်ပါဘူး။ အပြစ်မလုပ်ရင် ကျွန်တော်တို့ပြန်ပြီးလွှတ်ပေးမယ်လို့လည်း ပြောပါတယ်။ ထွက်ပြေးဖို့လည်း ကျွန်တော်တို့မစဉ်းစားပါဘူး။ သူတို့မေးတဲ့အတိုင်းပဲ အမှန်တိုင်းဖြေတာပါ” ဟု စစ်သုံ့ပန်း ဗိုလ်ကြီး ဘိုဘိုက ပြောဆိုသည်။
စစ်သုံ့ပန်း ဗိုလ်ကြီး ဘိုဘိုနှင့်အတူ လိုက်ပါလာသော ယာဉ်မောင်း ထက်မြတ်ဦးမှာလည်း လိုင်စင်မဲ့ ကားများကို ချောက်မြို့ရှိ ဘုန်းကြီးကျောင်းသို့ မောင်းနှင်သွားရောက် ပို့ဆောင်ပေးနေရသူဖြစ်ပြီး ၃ ကြိမ်မြောက် လိုင်စင်မဲ့ ကားများ ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကျွန်တော်က ကားဒရိုက်ပါ ခေါက်ကျေးစားနေတဲ့ ကားမောင်းပို့တာပါ။ နေရတာ မီတ္တိလာမြို့နယ်ထဲကပါ။ ကားလိုင်စင်မဲ့တွေကို အောက်ဆိုဒ်ဆွဲတဲ့အလုပ်လုပ်တာ ၁ လမပြည်သေးဘူး။ ဒါနဲ့ဆို ၃ ခေါက်ရှိပြီ ကား ၃ စီးပါ။ မြဝတီကနေကမ်းကူးကားတွေ ဝင်တယ်ပို့တဲ့လူက ဘယ်သူလဲတော့မသိရဘူး အဲ့လူက ကားကိုလာပို့ပြီး ရပ်ထားပေးတယ် ကျနော်တို့က ရပ်ထားတဲ့နေရာကို သွားယူပေးပြီး ချောက်ဘုန်ကြီးကို ပို့ပေးတာ ပျူခေါင်းစောင် စိန်နကပ်ဆီကိုပါ” ဟု ယာဉ်မောင်း ထက်မြက်ဦးက ပြောဆိုသည်။







