By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၁၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက် မှုတွေကြောင့် ပြည်သူ ၃၀ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၁၆၀ လောက်ကိုလည်း ဖမ်းဆီးထားတယ်လို့ KNU ဗဟိုက ကြေညာထားပါတယ်။
အကြမ်းဖက်စစ်အာဏာရှင်တော်လှန်ရေးအတွက် ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်နိုင်ရေး ဆွေးနွေးညှိနှိုင်းနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ထုတ်ဖော်ပြောဆိုပါတယ်။
မန္တလေးနန်းတွင်းက အမှတ် ၁၈ အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းအုပ်တာဝန်ထမ်းဆောင် နေတဲ့ ဗိုလ်ကြီးသူရိန်ဦးဟာ လာဘ်ငွေအမြောက်အမြားယူပြီး ကျောင်းကို အမှန်တကယ်မတက်ရောက်တဲ့ ကျောင်းသားတွေကို စာမေးပွဲဖြေခွင့်ပေးနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဂျပန်နိုင်ငံဟာ ဒေသတွင်း လုံခြုံရေးစိန်ခေါ်မှုတွေကို တုံ့ပြန်ဖို့အတွက် မိမိဘာသာ တီထွင်ထုတ်လုပ်ထားတဲ့ အဝေးပစ်ဒုံးကျည်တွေကို စတင်တပ်ဖြန့်ဖို့ ပြင်ဆင်နေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




