33 C
Yangon

ပုလဲနှင့် မော်လိုက်တွင် စစ်တပ်မှ စစ်သား ၅ ဦးက သေနတ် ၄ လက်နှင့် ခဲယမ်းများ ယူဆောင်အလင်းဝင်

Must read

ရန်ကုန်၊ မတ် ၁၀

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်မှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး သေနတ် ၃ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ယင်းမာပင်ခရိုင်စစ်ဌာန ကွပ်ကဲရေးမှူး စွမ်းသူမောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မတ်လ ၁ ရက်နေ့ နှင့် မတ်လ ၅ ရက်နေ့တို့တွင် ပုလဲမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေသော စစ်တပ်မှ စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် သေနတ် ၃ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ တပ်ရင်းထံသို့ ဆက်သွယ်ပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သားသစ် ၃ ဦးသည် MA-1 သေနတ် ၂ လက် ၊ M-4 အောက်တွဲ သေနတ် ၁ လက် ၊ ကျည် ၁၅၀ တောင့် ၊ လက်ပစ်ဗုံး ၁လုံး နှင့် နင်းမိုင်း ၂ ခု တို့ ယူဆောင်လာခဲ့ကြောင်း သိရှိရသည်။

“အလင်းဝင်ရောက်လာတဲ့သူ ၃ ဦးက စစ်မှုထမ်း တပ်သားသစ်တွေပါ။ မတ်လ ၁ ရက်နေ့မှာ ၂ ဦး အလင်းဝင်တယ်။ မတ်လ ၅ ရက်နေ့မှာ ၁ ဦး အလင်းဝင်တယ်။ အလင်းဝင်ရောက်လာတဲ့သူ ၃ ဦးကိုတော့ ဂုဏ်ပြုဆုငွေ မချီးမြှင့်ရသေးဘူး။ တကယ်လို့ ဂုဏ်ပြုဆုငွေချီးမြှင့်ရင် တစ်ယောက်ကို သိန်း ၃၀ ချီးမြှင့်မယ် စီစဉ်ထားတယ် အခုလောလောဆယ် စစ်ခွေးစစ်ကြောင်းတွေ ရှုပ်နေလို့ မလုပ်ပေးနိုင်သေးတာပေါ့” ဟု ယင်းမာပင်ခရိုင်စစ်ဌာန ကွပ်ကဲရေးမှူး စွမ်းသူမောင်က ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်တွင်လည်း စစ်သား ၂ ဦး သေနတ် ၁ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း မော်လိုက်ခရိုင် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များထံ သိရသည်။

မတ်လ ၇ ရက်နှင့် ၆ ရက်နေ့တို့တွင် စစ်တပ်မှ စစ်သား ၂ ဦးက သေနတ် ၁ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး တော်လှန်ရေး တပ်ဖွဲ့များထံ အလင်းဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ လက်နက်ယူပြီး အလင်းဝင်ရောက်လာသည့် စစ်သား ၁ ဦးကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article