By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၁၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
– နိုင်ငံတကာရဲ့ တရားဝင်မှုမရပဲ အသိမှတ်ပြုမှု အသည်းသန် လိုချင်နေတဲ့ အကြမ်းဖက်စစ်တပ်က ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေးကို အကြောင်းပြပြီး အတုအယောင် ဖိတ်ခေါ်မှုတွေ ပြုလုပ်လာနိုင် တဲ့အတွက် တော်လှန်ရေးဦးတည်ချက်နဲ့ လမ်းကြောင်းမှန်ကနေ သွေဖယ်မသွားဖို့ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အလေးအနက် သတိပေးပြောဆိုလာပါတယ်။
– ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာမှာ အကြမ်းဖက် စစ်တပ်ရဲ့ဖမ်းဆီးမှုခံရတဲ့ ပြည်သူ အယောက် ၁၅၀ လောက်ကို တော်လှန်ရေးတပ်တွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-နေပြည်တော် တပ်ကုန်းမြို့နယ်က အကြမ်းဖက် စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်ပါတီ အမာခံမိသားစုရဲ့ စစ်မှုထမ်းတပ်သားသစ် ရန်ကိုအောင် ဆိုသူဟာ ကသာမြို့နယ် တိုက်ပွဲမှာ ပွဲချင်းပြီး သေသွားပြီး အလောင်းတောင်ပြန်မရဘူးလို့ မိသားစုတွေဆီ စစ်တပ်ကိုယ်တိုင် အကြားကြားစာပို့ခဲ့တဲ့ စာအရ သိရပါတယ်။
– အမေရိကန် ၊ အစ္စရေး နဲ့ အီရန်နိုင်ငံကြား ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ အခြေနေတွေ ပိုမိုပြင်းထန်လာနေပြီး အီရန်က ရေနံတင်ပို့မှုကိုပါ ပိတ်ဆို့ထားမယ်လို့ အတိအလင်းပြောဆိုလာသလို ၊ ၊ အမေရိကန် သမ္မတ ထရမ့်ကလည် အီရန်ကို ဒီ့ထက် အဆ ၂၀ မက ပြင်းပြင်းထန်ထန် တိုက်ခိုက်မယ်လို့ တုံ့ပြန်ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




