27 C
Yangon

ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာသော ကားအစီး ၁၈၀ ကျော်ပါ စစ်တပ် ရိက္ခာပို့ယာဉ်တန်း ကပစ ၂၂ သို့ ရောက်ရှိလာပြီး ပုသိမ်-မုံရွာလမ်းပိုင်းကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေ၊ ရွာပေါင်း ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ မတ် ၁၀

မကွေးတိုင်း၊ ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်ခွာလာသော ကားအစီး ၁၈၀ ကျော်ပါ စစ်တပ် ရိက္ခာပို့ယာဉ်တန်းသည် ကပစ ၂၂ သို့ ရောက်ရှိနေပြီး ပုသိမ်-မုံရွာ လမ်းပိုင်းကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ပခုက္ကူမြို့ အခြေစိုက် တပ်မ ၁၀၁ မှ ကားအစီးရေ ၉၀ ကျော်ပါ ရိက္ခာပို့ယာဉ်တန်းနှင့် ညောင်ဦဘက်မှ ထွက်လာသော ကား အစီး ၂၀ ပါ ယာဉ်တန်းသည် ယင်းနေ့ ည ၁၁ နာရီခန့်တွင် ကပစ ၂၂ အတွင်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း ဆိပ်ဖြူမြို့နယ်၊ ချထောက်ရွာတွင်ရှိနေသော ကျန်ခဲ့သော ကား ၅၅ စီးပါ ယာဉ်တန်းသည် ကပစ ၂၂ သို့ ထပ်မံ ရောက်ရှိလာကာ လက်ရှိချိန်တွင် ကားအစီးရေ ၁၈၂ စီးဖြင့် ပုသိမ်-မုံရွာလမ်းပိုင်းကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပခုက္ကူ တပ်မ ၁၀၁ ကထွက်လာတဲ့ စစ်ခွေး ရိက္ခာတင်ယာဉ်းတန်းကတော့ အခု ကပစ ၂၂ ထဲကိုရောက်သွားပြီ။ အစီးရေက အားလုံးပေါင်း ၁၈၂ စီး ခွေးအင်အားက ၁၀၀၀ ကျော်ရှိမယ်။ မနေ့က မနက် ၉နာရီ ခွဲခန့်တုန်းက စထွက်လာတာ ပခုက္ကူတပ်မ ၁၀၁ ကနေ အစီး ၉၀ ကျော်ခန့်နဲ့ ပုဂံ-ညောင်ဦးဘက်ကနေရောလာတာ ညောင်ဦးဘက်ကနေမှ အစီး ၂၀ ကျော်နဲ့ ဒီကျောက်ပန်းတောင်းဘက်ကလဲပါတယ်။ ကပစ ၂၁ ကနေလည်းပါတယ်။ ပုဂံ-ညောင်ဦးဘက်ကနေမှ ကျောက်ပန်းတောင်း၊ ဂွေးချို၊ ချောက်၊ ဆိပ်ဖြူ အဲ့လမ်းပိုင်းတွေကနေ ကပစ ၂၂ ကိုလာတာပါ။ ကပစ ၂၂ ကိုရောက်တာက မနေ့ညက ၁၁ နာရီခွဲခန့်မှာ အစီး ၁၃၀ကျော်ရောက်တယ်။ ဒီနေ့မနက်ထက်ပြီး‌တော့ ၅၅ စီးထပ်ရောက်တယ်။ ဒီနေ့ရောက်တဲ့ခွေးကားတွေကလည်း တပါထဲပါလာတဲ့ကားတွေ ဆိပ်ဖြူမြို့နယ် ချထောက်ရွာကျန်နေတဲ့ ကားတွေပါထပ်ရောက်သွားတာ” ဟု ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF မှ ကိုကျားဇိုးက ရှင်းပြသည်။

အဆိုပါ ကားအစီးရေ ၁၈၂ စီးပါ ယာဉ်တန်းသည် ယနေ့ ညနေ ၄ နာရီခန့်မှစတင်ပြီးပုသိမ်-မုံရွာ လမ်းပိုင်းတစ်လျှောက်ရှိ ပေါက်မြို့နယ်တောင်ပိုင်းကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာနိုင်ကြောင်း၊ ထိုသို့ စစ်ကြောင်းထိုးလာနိုင်သောကြောင့် ဆိပ်ဖြူ-ပေါက် လမ်းဘေးနှင့် ပုသိမ်-မုံရွာ လမ်းဘေးတစ်လျှောက်ရှိ ကျေးရွာပေါင်း ၂၀ ခန့်မှ သောင်းနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“အခု ပိုသိမ်-မုံရွာလမ်းပိုင်းကနေ ပတ်ပြီး စထွက်ဖို့ ပြင်နေကြပြီ ရှေ့ပြေးအနေနဲ့ အင်အား ၃၀၀ လောက် ပိုသိမ်-မုံရွာလမ်းပိုင်းပေါ်ရောက်နေပြီလို့ကြားတယ်။ စစ်ကြောင်းထွက်ဖို့ပြင်နေတာတော့ ဒီနေ့ညနေ ၄ နာရီခန့် စပြင်နေပြီလို့ကြားတယ်။ အစီးရေက ၁၈၂ ထဲသွားတာရယ် ကပစ ၂၂ ထဲမှာလည်းကားတွေက ရှိသေးတော့ ထွက်လာရင်တော့ ဘယ်လောက်ပါမယ်လို့ ခန့်မှန်းလို့မရသေးဘူး။ စစ်ရေးအခြေအရ ကျနော်တို့လမ်းပိုင်းဆိုင်ရာတွေပိတ်ထားတယ်။ ကပစ ၂၂ မြောက်ဘက်ကနေ ဆိပ်ဖြူ-ပေါက်လမ်းကို ပိတ်ထားတယ်။ အခုစစ်ခွေးတွေကာ ပုသိမ်-မုံရွာလမ်းပိုင်းကနေ ပတ်ထွက်တာ။ ခွေးတွေစစ်ကြောင်းကတော့ ပေါက်နယ်တောင်းပိုင်းတစ်ကြောကိုတော့ထိုးမယ်လို့ ကျနော်ခန့်မှန်းထားတယ်။ ကားလမ်းဘေးအနီး တစ်ဝိုက် ၁ မိုင်ကျော်အကွာအဝေးကို ခွေးတွေစစ်ကြောင်းလှည့်မယ်လို့လည်း ကြားတယ်။ ပြည်သူတွေအနေနဲ့ကတော့ မနက်ဖြန်ကစပြီး လေကြောင်းရန်ကို သတိထား ဂရုစိုက်ကြဖို့နဲ့ ဒီနေ့တောင် လေကြောင်းတိုက်ခိုက်မှုတွေရှိတော့ မနက်ဖြန်လည်း လေကြောင်းတိုက်ခိုက်မှုတွေ‌ သေချာပေါက်ရှိမယ်။ ပိတ်ထားတဲ့လမ်းပိုင်းတွေကို မသွားဖို့ ပြောချင်ပါတယ်” ဟု ကိုကျားဇိုးက ဆက်လက်ပြောဆိုသည်။

ထို့ပြင် လက်ရှိချိန်တွင် နှစ်ဖက် စစ်ရေး တင်းမာနေသောကြောင့် ကပစ ၂၂ မြောက်ဘက်ပိုင်းမှစ၍ ဆိပ်ဖြူ-ပေါက်လမ်းကို ပိတ်ထားပြီး ပြည်သူများအနေဖြင့် လေကြောင်း အန္တရာယ် သတိပြုနေထိုင်ကြရန် ဒေသတွင်းတော်လှန်ရေး အင်အားစုများက တိုက်တွန်း နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article