35 C
Yangon

အမ်းမြို့နယ်၊ ဒါးလက်ချောင်း စစ်သုံ့ပန်း အကျဉ်းစခန်းကို စစ်တပ်က လေယာဉ်ဖြင့် ၃ နာရီကြာ ဗုံးကျဲမှု စစ်တပ်အရာရှိကြီး အပါအဝင် စစ်သုံ့ပန်း ၁၁၆ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၁၁

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသ စစ်သုံ့ပန်း အကျဉ်းစခန်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၃ နာရီကြာ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဖမ်းဆီးရရှိထားသော စစ်တပ်အရာရှိကြီးများ အပါအဝင် စစ်သုံ့ပန်းနှင့် အရပ်သား သုံ့ပန်း ၁၁၆ ဦးသေဆုံးခဲ့ကြောင်း AA က ယနေ့ သတင်းထုတ်ပြန်သည်။

မတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၂ မိနစ်မှ မွန်းလွဲ ၂ နာရီ ၂၈ မိနစ်အချိန်အထိ အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၄ စီး ၊ Y-12 ၄ စီးဖြင့် အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်း အကျဉ်းစခန်းကို ၃ နာရီကျော် မရပ်မနား ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လူမဆန်စွာ လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာ ပြင်းထန်သူများအပါအဝင် ဒဏ်ရာရရှိသူ အများအပြားရှိက အရပ်သားသုံ့ပန်းတချို့လည်း သေဆုံး ဒဏ်ရာရစာရင်းတွင် ပါဝင်ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်သည် အာရက္ခဒေသအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်းမှ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း စစ်သုံပန်း (စစ်ကော်မရှင်တပ်ဖွဲဝင်များ) အသေ အပျောက် အများဆုံးဖြစ်စဉ်ဖြစ်ပြီး စစ်ဘက်အရာရှိကြီးများစွာလည်း ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း AA က ပြောဆိုထားသည်။

စစ်သုံ့ပန်းအလောင်းတချို့သည် မည်သူမည်ဝါ စစ်ဆေးရန်ခက်ခဲခြင်း၊ ခန္ဓာအစများ တစ်စမှ မရရှိသော ပျောက်ဆုံးအလောင်းများများလည်း ရှိနေသောကြောင့် အသေးစိတ်အချက်အလက်များကို စစ်ဆေးပြီးသည့်အချိန်တွင် ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article