ရန်ကုန်၊ မတ် ၁၂
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ဆက်ကြေးကောက်ငွေညှစ်နေသော စစ်တပ်လက်အောက်ခံ ရဲ တပ်ဖွဲ့ ဝင်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး သေဆုံးခဲ့ကြောင်း Chinland Defense Force – Hakha မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ မတ်လ ၁၁ ရက်နေ့က ဟားခါးမြို့ပေါ်၌ ဆိုင်ကယ်များကို စစ်ဆေးပြီး ငွေညှစ်နေသော အ ကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို Chinland Defense Force – Hakha မှ တပ်ဖွဲ့ ဝင်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေရာမှာပင် ရဲတပ်ဖွဲ့ဝင် ၁ ဦးပွဲချင်းပြီးသေဆုံးပြီး ၂ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ ထိခိုက်ဒဏ်ရာရရှိသည့် ရဲ ၂ ဦးအနက် တစ်ဦးသည် ရဲစခန်းသို့ ပြန် လည်ရောက်ရှိပြီးနောက် ခဏအကြာတွင် ထပ်မံသေဆုံးသွားကြောင်း သိရသည်။
“စုစုပေါင်း ရဲခွေး သေတာက ၂ ဦးသေဆုံးတာ ဟုတ်ပါတယ်။ စစ်ခွေးဘက်က လက်နက်ခဲယမ်း သိမ်း ဆည်းမိတာမျိုး မရှိပါဘူး။ မြို့တွင်းစစ်ဆင်ရေးဖြစ်သည့်အတွက် ပစ်ခတ်ပြီး ပြန်ဆုတ်တယ်”ဟု Chinland Defense Force-Hakha အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်လက်အောက်ခံအဖွဲ့အစည်းများအနေဖြင့် မိဘပြည်သူလူထုအားမတရားနှောက် ယှက်ခြင်း၊ ငွေညစ်တောင်းခံခြင်းများ နောက်တစ်ကြိမ် ထပ်မံမပြုလုပ်ရန်နှင့် ထိုသို့ မတရား လုပ်ရပ် များ ဆက်လက်ပြုလုပ်ပါက ထိရောက်သော အရေးယူမှုများ ဆက်လက်လုပ် ဆောင်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပြည်သူများအနေဖြင့်လည်း မတရားညှဉ်းပန်းနှောက်ယှက်မှုများကို သတိထား၍ လုံခြုံရေးကို ဂရုပြုကြပါရန် ဆက်လက်အသိပေးထားသည်။
ဓာတ်ပုံ- တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ရဲတပ်ဖွဲ့ဝင်တစ်ဦး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




