By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၁၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်က ဖမ်းဆီးခံ စစ်သားတွေထား ရှိရာ စစ်သုံ့ပန်းစခန်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့လာပြီး သူ့လူတွေကို ဗုံးကျဲသတ်ဖြတ်သွား မှု အတွင်း စစ်တပ်ဘက်က ဖမ်းဆီးခံ ဗိုလ်မှူးချုပ်မြင့်ရွှေနဲ့ အခြား ဗိုလ်မှူးတွေအပါအဝင် စစ်ဆေး ဆရာဝန်တွေပါ သေကုန်ကြပြီလို့ စစ်သုံ့ပန်းဖြစ်နေတဲ့ စစ်တပ်ရဲ့ နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းကိုယ်တိုင် ရုပ်သံဖိုင်နဲ့တကွ ထုတ်ဖော်ပြောဆိုလာပါတယ်။
အကြမ်းဖက် စစ်တပ်က မြန်မာနိုင်ငံတစ်ဝန်းမှာ စက်သုံးဆီ အရောင်းဆိုင်တွေမှာ ယာဉ်အားလုံးကို ဝှီးတက်လိုင်စင်ပြသခိုင်းဖို့အပြင် QR စနစ်နဲ့ ၁ ရက်ကို ၁ ကြိမ်သာ ဆီဝယ်ယူခွင့်ပေးတဲ့စနစ်ကို ဒီကနေ့ မတ်လ ၁၂ ရက်နေ့မှာ စတင်ကျင့်သုံးမယ်ဆိုပြီးတော့ကို စစ်တပ်လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်လာပါတယ်။
မိုးကုတ်မြို့နယ်မှာ အကြမ်းဖက် စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ၂ ရက်ဆက် တိုက်ဖြစ်ပွားနေပြီး စစ်တပ်က စစ်ကူ အများအပြား ပို့ဆောင်ဖို့အထိ ပြင်ဆင်နေရတယ်လို့ သိရပါတယ်။
အမေရိကန် ၊ အစ္စရေး နဲ့ အီရန်နိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ဆက်လက်ပြင်းထန်နေတဲ့အခြေနေ မှာပဲ အီရန်အစိုးရက လက်ရှိ အီရန်နိုင်ငံအတွင်း အစိုးရကို ဆန့်ကျင် ဆန္ဒပြရင် ရန်သူလို သတ်မှတ် မယ်ဆိုပြီးတော့ပါ ခြိမ်းခြောက် သတိပေးလာပြီး အခြေအနေတွေက တော်တော်လေး တင်းမာနေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




