29 C
Yangon

ယင်းမာပင် ဖိုလ်ဝင်တောင်ကို စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲမှု ဘုရားဖူး ပြည်သူ ၂ ဦးသေဆုံး၊ ရွှေကျင်တွင်လည်း စစ်တပ်က ဗုံးကျဲမှု အသက် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၁၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင်ကို စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲခြင်းကြောင့် ဘုရားဖူး ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဖိုလ်ဝင်တောင်ကို Gyrocopter ၂ စီးဖြင့် ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း ဖိုလ်ဝင်တောင်ကို လာရောက်သည့် ဘုရားဖူး ပြည်သူ ၂ ဦးသေဆုံးခဲ့သည့် အပြင် အစာလာရှာသည့် မျောက်များလည်း သေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက Gyrocopter ၂ စီးနဲ့ ဗုံးလာကျဲသွားပါတယ်။ ဆိုင်ကယ်စီးနေတဲ့ ခရီးသွား ဘုရားဖူး ၂ ဦး သေဆုံးပါတယ်။ ဒီနေ့ နံနက် ၉ နာရီလောက်မှာ စစ်ခွေးတွေ လာကျဲသွားတာ နောက်ပြီး အစာထွက်ရှာတဲ့ မျောက်တွေလည်း အများကြီးသေပါတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများ ပြောဆိုချက်နှင့် KNU ထုတ်ပြန်ချက်အရ သိရသည်။

မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၂၀ တပ်ရင်းက တက်လာသော စက်တပ်လေထီးသည် ရွှေကျင်မြို့နယ်၊ အင်းဗလာကျေးရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထိုဗုံးကျဲ တိုက်ခိုက်မှုအတွင်း အသက် ၄၃ နှစ်အရွယ် မေသွယ်လင်း၊ အသက် ၆ နှစ်အရွယ် ဂေလယ်ဒါး ၊ အသပ် ၂၈ နှစ်အရွယ် ဂျာရီး၊ အသက် ၄၀ နှစ်အရွယ် ဒေါ်မကူ၊ အသက် ၆ နှစ်အရွယ် မနိုစင်လင်း နှင့် အသက် ၄၅ နှစ်အရွယ် ဒေါ်မူကီကီ တို့ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၉ နှစ် အရွယ် နိုဘယ်လင်း၊ အသက် ၃၈ နှစ်အရွယ် ထွန်းဇော်ဦး၊ အသက် ၅၀ နှစ်အရွယ် နန်းဋ္ဌေးအောင်နှင့် အသက် ၅၀ နှစ်အရွယ် တီးဒါးဖိုး တို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article