29 C
Yangon

ငဖဲမြို့နယ် တိုက်ပွဲနယ်မြေမှ စစ်မှုထမ်းတပ်သား ၂ ဦး ၊ တံတာဦးမှ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းတပ်သားဖြစ်လာသူ မျိုးမြင့်ခေါင်တို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

Must read

ရန်ကုန်၊ မတ် ၁၂

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ တိုက်ပွဲနယ်မြေအတွင်းသို့ ရောက်ရှိသွားသော စစ်မှုထမ်း တပ်သား ၂ ဦးကို အလင်းဝင်ခဲ့ကြောင်း ထောက်ပို့စစ်သည်တော်မရွှေဂျူးနှင့် ချင်းကာ ကွယ်ရေး တပ် -အရှိုမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းရိုချင်းတို့က ရန်ကုန်ခေတ် သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပိုင်း ရှေ့တန်းနယ် မြေသို့ ပို့ဆောင်ခံလိုက်ရသော ပခုက္ကူမြို့အခြေစိုက် ခလရ ၂၅၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ချစ် သဲကိုကို အပါအဝင် ၂ ဦးသည် တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်လိုကြောင်း ထောက်ပို့ စစ် သည်တော်မရွှေဂျူးထံ ဆက်သွယ်လာသဖြင့် ငဖဲမြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ် -အရှို ထံ ဆက်သွယ်၍ အကူအညီတောင်းကာ ကယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ချစ်သဲကိုကိုက စစ်မှုထမ်းအပတ်စဉ် ၁၅ ဆင်းပါ။ နောက်တစ် ယောက်က စစ်မှုထမ်း အပတ်စဉ် ၁၆ သင်တန်းဆင်း၊ တပ်ရင်းကတော့ နှစ်ယောက်စလုံးက ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၁ တပ်ရင်းကပဲ။ သူတို့မိသားစုတွေက အမ်းဘက်ရောက်နေတာအလင်းဝင်ချင်တယ်။ AA နဲ့ နီးတယ်၊ သူတို့က ဒီအတိုင်းကြီးထွက်မသွားရဲဘူး။ အပစ်ခံရမှာကြောက်လို့ဆိုပြီး ဆက်သွယ်လာလို့ ချင်းကာကွယ်ရေးတပ် -အရှိုအဖွဲ့နဲ့ ဆက်သွယ်ပေးလိုက်တာပါ။ အရင်ကတော့ သူတို့မလုံခြုံလို့ သ တင်းမထုတ်ပြန်ပဲထားတာ၊ အခုကတော့ လုံခြုံသွားပြီဖြစ်လို့ သတင်းထုတ်ပြန်လိုက်တာပါ” ဟု ထောက်ပို့စစ်သည်တော် မရွှေဂျူးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အလင်းဝင်ရောက်ခဲ့သည့် စစ်မှုထမ်းတပ်သား ၂ ဦးသည် ၎င်းတို့ကိုင်သော လက်နက်ခဲယမ်းများကို ယူဆောင်လာနိုင်ခဲ့သောကြောင့် ချင်းကာကွယ်ရေးတပ် – အရှိုမှ ဆုကြေးငွေချီးမြှင့်ကာ ၎င်းတို့၏ ဆန္ဒအတိုင်း စီမံဆောင်ရွက်ပေးထားကြောင်း ချင်းကာကွယ်ရေးတပ် -အရှိုထံမှ သိရသည်။

ငဖဲမြို့နယ်အတွင်းရှိ ရှေ့တန်းစစ်မြေပြင်တွင်ရောက်ရှိနေသော စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ ဝင်များ၊ မတရားပေါ်တာဆွဲဖမ်းဆီးခံရကာ စစ်မှုထမ်းနေရသော စစ်မှုထမ်းတပ်သားများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံ ချိတ်ဆက်၍ အမြန်ဆုံးအလင်းဝင်ရောက်ကြပါရန် ချင်းကာကွယ်ရေး တပ် – အရှိုက မေတ္တာရပ်ခံထားသည်။

အလားတူ မတ်လ ၂ ရက်နေ့ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် မတရားဖမ်းဆီးခံရပြီး စစ်ကောင်စီတပ်တွင် စစ်သားစုဆောင်းခံခဲ့ရသည့် စစ်မှုထမ်းတပ်သားသစ် ၁ ဦးက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ ဖြစ်သော လျှပ်စီးတပ်ခွဲ ထံသို့ ဆက်သွယ်ကာ ပြည်သူ့ဘက်သို့ ကူးပြောင်းအလင်းဝင်လာကြောင်း သိရှိရသည်။

” အလင်းဝင်ရောက်လာတဲ့သူက ခလရ ၁၄ ကျောက်ဆည် တပ်ရင်းပေါ့။ ကျောက်ဆည်ဘက်ကပါ။ သေနတ်တော့ ပါမလားဘူး။ အလင်းဝင်ရောက်လာတဲ့ သူက လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ အဖွဲ့မှ အဖွဲ့ခေါင်းဆောင် မိုးကြိုးဆီကို တိုက်ရိုက် ဆက်သွယ် ဝင်ရောက်လာတာပါ။လက်ရှိမှာ အလင်းဝင်ရောက်လာတဲ့သူကို သူရဲ့ ဦးလေးဆီကို သွားရောက် အပ်နှံထားတယ်”ဟု လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ မှ အဖွဲ့ခေါင်းဆောင် ကိုမိုးကြိုးက ပြောဆိုသည်။

အလင်းဝင် စစ်မှုထမ်းတပ်သားသစ် မျိုးမြင့်ခေါင်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ လ ၁ ရက်နေ့ တံတားဦးမြို့နယ်မှ မန္တလေးမြို့သို့ သွားရောက်စဉ် လမ်းခရီး၌ အတင်းအဓမ္မ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း၊ ထို့နောက် ၎င်းကို စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းကာ ရှမ်းပြည်နယ်၊ ဟိုပုံးမြို့ရှိ ပြည်သူစစ်သင်တန်း အပတ်စဉ် ၁၇ သို့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

သင်တန်းဆင်းပြီးနောက် မန္တလေးတောင်ခြေရှိ စကမ (BE) တပ်သို့ ပြန်လည်ပို့ဆောင်ခံရစဉ်အတွင်း ကိုမျိုးမြင့်ခေါင် လျှပ်စီးတပ်ခွဲနှင့် ချိတ်ဆက်ကာ ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ပြည်သူ့ရင်ခွင်သို့ ရဲဝံ့စွာ ကူးပြောင်းခိုလှုံခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article