29 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က အကြမ်းဖက် စစ်တပ်ရဲ့ နှစ်ပေါင်း ၃၀‌ ကျော် အခြေစိုက်ထားရာ ဝင်းဝ တပ်စခန်းကြီးကို KNLA ပူးပေါင်းတပ်တွေက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး ၊ စစ်တပ်ဘက်က အယောက် ၅၀ ကျော်အသီးသီးသေကုန်ကြတဲ့အပြင် လက်နက်မျိုးစုံ အလက် ၄၀ ကျော်ပါ သိမ်းဆည်းရရှိထားတယ်လို့ KNU မြိတ်-ထားဝယ် ခရိုင်က ဓါတ်ပုံတွေနဲ့တကွ တရားဝင် ထုတ်ပြန်လာပါတယ်။

အကြမ်းဖက် စစ်တပ်က နိုင်ငံတစ်ဝန်းမှာရှိတဲ့ သူတို့စစ်တပ်လက်အောက်ခံ ဝန်ကြီးဌာနတွေအလိုက် CDM အမည်စာရင်း၊ နိုင်ငံရေးအမှုနဲ့ အလိုရှိနေတဲ့ ထွက်ပြေးတိမ်းရှောင်စာရင်းတွေကို ပြန်လည်ပြုစုပြီး အမြန်ဆုံးပေးပို့ဖို့ ညွှန်ကြားလာပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ ပြည်သူတွေဆီကနေ ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်တပ်လက်အောက်ခံ ရဲ တပ်ဖွဲ့ ဝင်တွေကို ချင်းတော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရဲ ၂ ဦးကတော့ အသီးသီး သေကုန်ကြပြီလို့ CDF – ဟားခါး တပ်ဖွဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း အီရန်က ရေနံတင်သဘော်တွေကိုပါ ပစ်ခတ်တိုက်ခိုက်နေရမှာ သူတို့ရဲ့ ဖောက်ခွဲရေးသုံး အဝေးထိန်းလှေတွေနဲ့ ရေမိုင်းတွေကြောင့် သင်္ဘော ၆ စီး တိုက်ခိုက်ခံထားရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article