28 C
Yangon

သံတောင်ကြီးတွင် ကင်းလှည့်နေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ မတ် ၁၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ ရှမ်းလယ်ပြင်စခန်းမှ ထွက်လာသော ကင်းပတ်နေသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNDO တပ်ခွဲ ၃ မှ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂ ရက်နေ့ သံတောင်ကြီးမြို့နယ်၊ ရှမ်းလယ်ပြင်စခန်းမှ ထွက်ခွာလာသည့် စစ်တပ်စစ်ကြောင်းကို KNDO တပ်ခွဲ (၃) က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၅ ဦး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ပြီး ကျန်ရှိသည့် တပ်သားများမှာ ထွက်ပြေးဆုတ်ခွာသွားခဲ့ကြကြောင်း သိရှိရသည်။

တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင် သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများထံမှ သေနတ် ၁ လက်အပြင် ခဲယမ်းမီးကျောက်များနှင့် စစ်အသုံးအဆောင် ပစ္စည်းအချို့ကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု KNDO တပ်ခွဲ ၃မှ တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိတွင် အဆိုပါဒေသတဝိုက်၌ စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများ ဆက်ရှိနေနိုင်သဖြင့် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များက စစ်ရေးသတိဖြင့် စောင့်ကြည့်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article