By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၁၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံမှာ နိုင်ငံရေးအစိုးရတွေ ပြောင်းလဲပေမယ့် စစ်တပ်ကတော့ ပြောင်းလဲမှာမဟုတ်ပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိက ကာကွယ်ရမယ်ဆိုပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလာပြန်ပါတယ်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ လုံးတုံစခန်းကို KIA ပူးပေါင်းတပ် တွေက ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း ကားကင်းစခန်းတွေကို သိမ်းပိုက်ရရှိသွားပြီး စစ်သားအလောင်း တွေအပြင် စစ်သုံ့ပန်းတချို့နဲ့ လက်နက် ၁၃ လက်ကိုပါ သိမ်းဆည်းရရှိထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။
အကြမ်းဖက် စစ်တပ်ရဲ့ ဝါဒဖြန့်ရုပ်ရှင် “တိမ်ပင်လယ်ခရီးကြမ်း” ဇာတ်ကားကို တစ်နိုင်ငံလုံးက ရုပ်ရှင်ရုံတွေမှာ အတင်း အကျပ် ရုံတင်ခိုင်းပေမယ့် ကြည့်ရှုသူမရှိတဲ့ အခြေနေဖြစ်နေတယ်လို့ ပြည်တွင်း အနုပညာအသိုင်းအဝိုင်းဆီကနေ သိရပါတယ်။
-အမေရိကန် -အစ္စရေး နဲ့ အီရန်နိုင်ငံကြား ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ သီတင်းသုံးပတ်ထဲရောက်လာပေမယ့် ၂ ဖက်အပြန်အလှန်တိုက်ခိုက်မှုတွေ ဆက်လက်မြင့်တက်နေပြီး အီရန်ကို ဒီ့ထက်ပိုပြီး အပြင်းအထန် တိုက်ခိုက်သွားမယ်လို့ အမေရိကန်သမ္မတ ထရမ့်က ထပ်မံ ကြေညာလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




