34 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၁၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

– တနင်္သာရီတိုင်းမှာ KNLA နဲ့PDF ပူးပေါင်းမဟာမိတ်တပ်တွေက အကြမ်းဖက် စစ်တပ် စခန်းတွေ ၊ ရဲစခန်းတွေနဲ့ ကာကင်းစခန်းတွေကိုပါ ဝင်ရောက်တိုက်ခိုက်မှုအတွင်း ရဲစခန်းနဲ့ စစ်တပ်စခန်း ၁ ခုကို သိမ်းပိုက်ရရှိထားပြီး ၊ စစ်တပ်ဘက်က စစ်သား ၁၅ ဦးကတော့အသီးသီး သေကုန်ကြတဲ့အပြင် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိထားတယ်လို့ သိရပါတယ်။

-ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ မြောက်ပိုင်းမဟာမိတ်ညီနောင် အဖွဲ့ဝင် TNLA နဲ့ MNDAA တပ်အကြား နေရာ ၅ ခုမှာ တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူတချို့ ထိခိုက်ဒဏ်ရာရထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တချို့ဆီကနေ သိရပါတယ်။

– စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်က ယန်စီကုမ္ပဏီကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုအတွက် စစ်တပ်ဘက်က တပ်သား ၁၀ ဦးကတော့ အသီးသီး သေကုန်ကြတဲ့ ဒဏ်ရာရတဲ့သူတွေပါ များသွားပြီးတဲ့နောက် သူတို့စစ်သား အလာင်းတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို အသည်းအသန် သယ်သွားကြတယ်လို့ ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့ တာဝန်ခံ ကိုဖြိုးက ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။

– အမေရိကန် -အစ္စရေး နဲ့ အီရန်နိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း အီရန်နိုင်ငံက ခေါင်းဆောင်အသစ် ထပ်မံတင်ထားတဲ့ မိုဂျတာဘာ ခါမေနီပါ ဒဏ်ရာအကြီးအကျယ်ရထားပြီး ၊ ရုပ်ပျက်ဆင်းပျက်တောင် ဖြစ်နေနိုင်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး က ပြောလိုက်ပါတယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article