By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၁၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
တနင်္သာရီတိုင်း၊ မြိတ်မြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ မြိတ်လေတပ်စခန်းဌာနချုပ်ကို တော်လှန်ရေး တပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် လေတပ်စစ်သည် ၁၀ ယောက် သေဆုံးသွားတယ်လို့ လေတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်ဒေသ အတွင်း မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ TNLA က စတင်တိုက်ခိုက်တာ ကြောင့်ဖြစ်တယ်လို့ MNDAA က မနေ့က ကြေညာပါတယ်။
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်အနီးမှာရှိတဲ့ လေးကေ့ကော် (ပလော့တပို့/အမိုးပြာ) ယာယီစစ်ရှောင်စခန်းကို စစ်တပ်က မနေ့က မတ်လ ၁၄ ရက် မနက်ပိုင်းမှာ ကာမီကာဇေ (Kamikaze) အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၁ ဦး ပွဲချင်းပြီးသေဆုံးကာ ၁ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားတယ်လို့ နယ်စပ်စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
အီရန်နိုင်ငံရဲ့ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတွေ စစ်သင်္ဘောတွေလွှတ်ဖို့ အမေရိကန်သမ္မတ ထရမ့် တိုက်တွန်းလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




