34 C
Yangon

မန္တလေးတိုင်းတွင် လက်ရှိ အကျပ်အတည်းများစွာကို ကြံ့ကြံ့ခံရင်ဆိုင်နေရသော်လည်း တော်လှန်ရေးအောင်မြင်ပြီးဆုံးသည်အထိ ချီတက်ကြရန် PDF TRI ဗျူဟာ တိုက်တွန်းကြေညာ

Must read

ရန်ကုန်၊ မတ် ၁၅

မန္တလေးတိုင်းတွင် လက်ရှိအကျပ်အတည်းများစွာကို ကြံ့ကြံခံရင်ဆိုင်နေရသော်လည်း စစ်အာဏာရှင်တော်လှန်ရေးအောင်မြင်ပြီးဆုံးသည်အထိ ချီတက်ကြရန် PDF TRI ဗျူဟာက ကြေညာတိုက်တွန်းသည်။

မန္တလေးတိုင်း မြောက်ပိုင်းရှိ စိုးမိုးနယ်မြေအချို့မှ ခေတ္တဆုတ်ခွာပေးခဲ့ရသည့် ဖြစ်စဉ်တွင် တပ်ဖွဲ့ဝင် ရဲဘော်များသည် ရဲဘော် မိသားစုဝင်များနှင့် ပြည်သူလူထု ဘေးကင်းစွာ ဆုတ်ခွာနိုင်ရန်အတွက် အ သက်ပေး၍ ကာကွယ်ပေးခဲ့ကြောင်း၊ ထိုသို့ အသေအချာ ကာကွယ်ပေးခဲ့မှုကြောင့် ရဲဘော်အချို့ မြင့် မြတ်စွာ ကျဆုံးခဲ့ရကြောင်း အသိပေးထားသည်။

“စကစကမြှူဆွယ်လို့ ဘယ်နှစ်ယောက်ပါသွားလဲတော့ အတိအကျ မသိရပါဘူး။ တစ်တိုင်းလုံးနီးပါး၊ တပ်ရင်းတွေ အများကြီးရှိတာဆိုတော့၊ ဘယ်တပ်ရင်းက ဘယ်နှစ်ယောက်ပါသွားတယ်ဆိုတာ မသိရ သေးပါဘူး။ စကစ ဒီလို လုပ်နေလို့ သတိပေးတဲ့သဘောပါ။ ခုခံစစ်ပွဲမှာ ကျဆုံးသွားတဲ့ရဲဘော်တွေရှိ ပါတယ်။ အတိအကျတော့ မထုတ်ပြန်ပါဘူး။ ကျနော်တို့အနေနဲ့ တော်လှန်ပြည်သူစစ်စစ်နဲ့ တော် လှန်ရဲဘော်စစ်စစ်တွေပဲ လိုချင်ပါတယ်” ဟု PDF TRI ဗျူဟာမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာထံသို့ ပြောကြားသည်။

မန္တလေးတိုင်းမြောက်ပိုင်းကို စစ်တပ်စစ်ကြောင်းထိုးကာ နယ်မြေသိမ်းပိုက်မှု ကာလအတွင်း အခက် အခဲအကျပ်အတည်းများကို ကြံ့ကြံ့ခံနိုင်ခြင်းမရှိသည့် မိသားစုဝင်အချို့နှင့် ရဲဘော်အချို့သည် စစ် တပ်၏ သွေးဆောင်ဖြားယောင်းမှုကို ယုံကြည်ကာ နန်းတွင်းသို့ ရောက်ရှိသွားကြသူများလည်းရှိ ကြောင်း၊ ထိုသို့ ရောက်ရှိသွားသူများကို စစ်တပ်က ကျန်ရှိသည့် ရဲဘော်များ လက်နက်ချစေရေး စည်းရုံးပေးရန်နှင့် တစ်ယောက်ရရှိမှသာ သက်သာခွင့်ပေးမည်ဟု အကျပ်ကိုင်ကာ ထပ်မံစေခိုင်း လျက်ရှိကြောင်း သိရသည်။

ထို့အပြင် မန္တလေးမြို့ပေါ်တွင်လည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (နန်းတွင်း) မှ စစ်သားများက “ဘာမှ မလုပ် ပါဘူး၊ တံခါးဖွင့်ပေးထားပါတယ်၊ ပြန်လာခဲ့ပါ” ဟုဆိုကာ မြို့နယ်/ရပ်ကွက်အလိုက် ညွှန် ကြားချက် များထုတ်၍ သတင်းလွှင့်နေကြောင်း သိရသည်။

ထိုသို့ စစ်ကော်မရှင်တပ်သားများ၏ သွေးဆောင်ဖြားယောင်းမှုကို ယုံကြည်ပါကာ ပူးပေါင်းကြသော PDF တပ်ဖွဲ့များကလည်း မိမိတို့ သက်သာရာရရှိစေရန်နှင့် နောင်တစ်ချိန် PDF များ ပြန်လည် စိုးမိုး လာပါက “တပ်ပြေး” အဖြစ် အဖမ်းခံရမည်ကို စိုးရိမ်သည့်အတွက်၊ PDF တပ်ဖွဲ့များ ပြိုပျက်စေရန် နည်းမျိုးစုံဖြင့် သွေးဆောင်ဖြားယောင်း လှုံ့ဆော်လျက်ရှိပြီး ၎င်းတို့ကို တော်လှန်ရေးပြီးဆုံးချိန်တွင် ခွင့်လွှတ်ပေးမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

PDF တပ်ဖွဲများ အနေဖြင့်လည်း စစ်အာဏာရှင်နှင့်လက်အောက်ခံ စစ်သားများ၊ အလိုတူအလိုပါ ထောက်တိုင်များနှင့် ယခုကဲ့သို့ စစ်အာဏာရှင်ဘက်သို့ ကူးပြောင်းသွားသူများကိုပါ ပြတ်ပြတ် သား သား တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပြီး တပ်ထဲ၌ သစ္စာရှိစွာ ကျန်ရှိနေကြသော ရဲဘော်များအနေဖြင့် ခိုင်ခိုင်မြဲမြဲ လက်တွဲကာ ယခုကြုံတွေ့ နေရသည့် အခက်အခဲ အကျပ်အတည်းနှင့် လောကဓံကို ကြံ့ ကြံ့ခိုင်ကျော်ဖြတ်ကြရန်နှင့် ပန်းတိုင်အထိချီတက်ကြရန် တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article