ရန်ကုန်၊ မတ် ၁၆
မကွေးတိုင်း၊ ပခုက္ကူမြို့ အခြေစိုက် တပ်မ ၁၀၁ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို လက်လုပ် ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာစစ် တပ်ဘက်မှ ထိခိုက်မှုရှိခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ်-၁၁ တပ်ရင်း PPC အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်
မတ်လ ၁၄ ရက်နေ့တွင် ပခုက္ကူမြို့ အခြေစိုက် တပ်မ ၁၀၁ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်လုပ် ရော့တကတ်များဖြင့် ၉ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေး ယာဥ်တန်းကားစီးရေ ၁၂၅ စီးပါ။စစ်ခွေး အင်အားကတော့ ၅၀၀ခန့်ရှိပါတယ်။ စစ်ခွေးသေစာရင်းကတော့ ထိခိုက်မှုရှိတယ်လို့ ကနဦးသိရတယ်။ ကျွန်တော်တို့ အသေးစိတ်ကို စုံစမ်းနေဆဲပါ။ ပခုက္ကူ ၁၀၁ ကနေ ကပစ ၂၂ ကိုကားအစီးရေ ၁၂၅၊ စကစ ကား ခန့်မှန်းအစီး ၃၀ စီး၊ ကျန်တာ ပြည်သူကားတွေကို ချောဆွဲပြီး ရိက္ခာတင်ကားများပါ။ မတ်လ ၁၂ ရက်နေ့မှာ ကပစ ၂၂ မှ ကပစ ၂၄ ကိုကားအစီးရေ ၈၀ ကျော်သွားနေပါတယ်။ စစ်ခွေးဘက်ကတော့ ထိခိုက်မှုတွေရှိတယ်။ စစ်ခွေးတွေ ထိခိုက်ပျက်စီးတာမျိုး ဘာတွေရှိသေးလဲဆိုတာကို အဲဒါကိုတော့ စုံးစမ်းဆဲပါ” ဟု ပခုက္ကူခရိုင် အမှတ်-၁၁ တပ်ရင်း PPC အဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ်-၁၁ တပ်ရင်း PPC တပ်ရင်းမှ ရဲဘော်များနှင့် မဟာမိတ်တော်လှန်ရေးညီကို တပ်ရင်းတပ်ဖွဲ့များမှ အတူပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။




