ရန်ကုန်၊ မတ် ၁၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်၏ တရားမဝင် လွှတ်တော်နှင့် မင်းအောင်လှိုင် ဖွဲ့စည်းမည့် တရားမဝင်အစိုးရကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ယနေ့ မတ်လ ၁၇ ရက်နေ့တွင် ဖားကန့်မြို့ရှိ ပြည်သူများဦးဆောင်ကာ “ပြည်သူသာအဓိက မည်သည့် အာဏာရှင်စနစ်မှ အလိုမရှိ”၊ “ အပြစ်မဲ့ ပြည်သူကို ဗုံးကျဲ သတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်တပ်အလိုမရှိ” ၊ “ စစ်အာဏာရှင် အမြစ်ဖြတ်ဖို့ ပြည်သူအားလုံးပါဝင်စို့” ၊ “ မြစ်ဆုံ စီမံကိန်း အလိုမရှိ” ၊ “တရား မဝင် မင်းအောင်လှိုင် အစိုးရကို ပြည်သူအားလုံး ဆန့်ကျင်ကြ” ၊ “ ပြည်သူအားလုံး သွေးမအေးပဲ စစ်အာဏာရှင်ကို ဆန့်ကျင်ကြ” စသည့်စာသားများ ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။






