By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၁၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ကြံ့ဖွတ်ပါတီအနေနဲ့ အာဏာရပါတီအဖြစ် ရှေ့လာမယ့် ၁၅ နှစ်တာကာလအထိ နိုင်ငံတော်ကို ဆက်လက်ဦးဆောင်သွားဖို့ စီစဉ်ထားပြီး စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ရှားဖို့ အစီအစဥ်မရှိဘူးလို့ အကြမ်းဖက် ဘူးလက်လှဆွေက ပြောလိုက်ပါတယ်။
-စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ ယမ်စီကုမ္ပဏီကနေထွက်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခဲ့တာကြောင့် စစ်သား ၈ ဦးသေဆုံးခဲ့တယ်လို့ PDF ထောက်ပို့ ပြည်သူ့တပ်သား အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
ပဲခူးတိုင်းဘက်မှာတော့ ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ “သတ္တိရှိတဲ့ PDF ရွာထဲလာခဲ့ အသေထွက်ပဲ ပြန်ထွက် ရမယ်” ဆိုပြီး စိန်ခေါ်ထားတဲ့ ပျူစောထီး ခေါင်းဆောင်ရဲထွန်းကို နေအိမ်မှာ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ တာကြောင့် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပြောက်ကျား အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က အီရန်စစ်ပွဲကြောင့် ရေနံဈေးနှုန်းတွေ အဆမတန် မြင့်တက် နေချိန်မှာ Hormuz ရေလက်ကြား လုံခြုံရေးအတွက် NATO မဟာမိတ်တွေ ကူညီပေးဖို့ သမ္မတ ထရန့်က တောင်းဆိုခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




