30 C
Yangon

ထိုင်းနိုင်ငံ၊ လယောင်မြို့နယ်ရှိ အီလက်ထရောနစ် စက်ရုံတွင် အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား ၄၇၀ ဦးကျော်အတွက် နစ်နာကြေး ဘတ်သန်းဆယ်ချီ ပြန်လည်ရရှိ

Must read

ရန်ကုန်၊ မတ် ၁၇

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ လယောင်မြို့နယ်အတွင်းရှိ အီလက်ထရောနစ် စက်ရုံတွင် အကြောင်းမဲ့ အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား ၄၇၀ ဦးကျော်အတွက် နစ်နာကြေး ဘတ်သန်းဆယ်ချီ ပြန်လည်ရရှိခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ ဦးဆောင်စီစဉ်သူ AAC ကိုရဲမင်းက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ လယောင်မြို့နယ်ရှိ အီလက်ထရောနစ်စက်ရုံတစ်ခုတွင် မြန်မာလုပ်သား ၄၇၀ ဦးကျော်ကို အကြောင်းမဲ့ အလုပ်ဖြုတ်ခဲ့သဖြင့် ထိုင်ငံရောက် မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေးကော်မတီ – MHAC မဟာမိတ်အဖွဲ့ထံသို့ အလုပ် သမားခေါင်းဆောင်များက အကူအညီတောင်းခံလာခဲ့ကြောင်း သိရသည်။

ထိုသို့ အကူအညီ တောင်းခံခြင်းကြောင့် MHAC မဟာမိတ်အဖွဲ့မှ ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းဖြေရှင်းပေးခဲ့ရာ ယနေ့မတ်လ ၁၇ ရက်နေ့တွင် အလုပ်ထုတ်ပယ်ခံရသည့် မြန်မာအလုပ်သမား ၄၇၀ ဦးကျော်အတွက် နစ်နာကြေး ဘတ် ၁၀ သန်းကျော် ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

“ဒီအမှုက လွန်ခဲ့တဲ့ ၄ ရက်နေ့ကတည်းက လုပ်နေတာပါ၊ အလုပ်သမားတွေအားလုံး ၄၇၀ ကျော် နစ် နာကြေး ဘတ်သန်းဆယ်နဲ့ချီပြီးတော့ ရပါတယ်။ စာရင်းကတော့ အခုချိန်အထိတွက်နေတုန်းပဲ၊ အနည်းဆုံး ၁၀ သန်းကျော်ပဲ။” ဟု MHAC မဟာမိတ်အဖွဲ့ ဦးဆောင်စီစဉ်သူ AAC ကိုရဲမင်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article