30 C
Yangon

ရေစကြိုမြို့ပေါ်မှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး စစ်ဗိုလ် ၁ ဦး အပါအဝင် ဒဏ်ရာရရှိသူ များပြား

Must read

ရန်ကုန်၊ မတ် ၁၇

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး စစ်ဗိုလ် ၁ ဦး အပါအဝင် ဒဏ်ရာရရှိသူများပြားကြောင်း မြောက်ပိုင်းကျားငါးကောင်တပ်ဖွဲ့ -NFTA အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့တွင် ရေစကြိုမြို့ပေါ်မှ မြိုင်မြို့နယ်ဘက်ကို ထွက်လာသော အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၈ ဦးသေဆုံးကာ စစ်ဗိုလ် ၁ ဦးအပါအဝင် ထိခိုက်ဒဏ်ရာရှိခဲ့များပြားခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေးသေဆုံးတာက နေရာတင် စစ်ခွေး ၈ ကောင်သေဆုံးတယ်။ စစ်ကြောင်းက ရေစကြိုမြို့ပေါ်ကနေပြီးတော့မြိုင်မြို့နယ်ဘက်ကို သွားတယ်လို့သိရတယ်။ ခွေးတွေက PDF စခန်းတွေကို တိုက်ခိုက်ခဲ့ပြီး ရိုးထဲမှာ ခြေရာဖျောက်ပြီးနားနေတဲ့အချိန် ၀င်ရောက်တိုက်ခဲ့တာပါ။ တိုက်ပွဲဖြစ်တည်းက စစ်ခွေး အလောင်း ၂ လောင်းကို ပစ်ထားခဲ့တယ်။ ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ ၃ ပွင့်ဗိုလ် တစ်ကောင် ပါတယ်လို့သိရပါတယ်။ ထိခိုက်ဒဏ်ရာရတာလည်း တော်တော်များတယ်” ဟု မြောက်ပိုင်းကျားငါးကောင်တပ်ဖွဲ့ -NFTA အဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြောက်ပိုင်းကျားငါးကောင်တပ်ဖွဲ့ -NFTA ၊ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန် ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ်လ ၁၄ ရက်နေ့၌ ရေစကြိုမြို့နယ်အတွင်းရှိ PDF စခန်း ၂ ခုကိုလည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး PDF ရဲဘော် ၃ ဦးကျဆုံးကာ ၃ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article