By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၁၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံရဲ့မြေရှားသတ္တုထွက်ရှိမှုက နိုင်ငံတကာရဲ့အာရုံစိုက်မှုကို ရရှိနေပြီပေမယ့် အဲဒီအလားအ လာကို တည်ငြိမ်တဲ့ထောက်ပံ့ရေးကွင်းဆက်တစ်ခုအဖြစ်ပြောင်းဖို့ကတော့ လမ်းခရီးမှာ စိန်ခေါ်မှု တွေ အများကြီးရှိနေတုန်းပဲဖြစ်ပြီး တရုတ်အပေါ် မှီခိုမှုကိုလျှော့ချနိုင်တဲ့ ရင်းမြစ်တစ်ခုအဖြစ် စိတ်ဝင်စား လာနေကြတယ်လို့ Geopolitical Intelligence Services-GIS က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကို တော်လှန်နေတဲ့အခြေအနေဟာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေတဲ့ အချိန်ဖြစ်တာကြောင့် အချင်းချင်းနားလည်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အထူးလိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းလိုက်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုး–မူဆယ်ပြည်ထောင်စုလမ်းမပေါ်က KIA ဂိတ်စခန်းတွေကို MNDAA က ဖယ်ရှားခိုင်းထားတယ်ဆိုတဲ့သတင်းတွေ ထွက်နေတဲ့အပေါ် KIO ဗဟိုဘက်ကတော့ အဲ့ဒီလိုသတင်း အချက်အလက်မျိုး မရရှိထားဘူးလို့ KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပြီး ငြင်းဆိုလိုက်ပါတယ်။
အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က လနဲ့ချီပြီး အသေအချာပြင်ဆင်ထားတဲ့ တရုတ်ပြည်ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရာမှာ အကြောင်းပြချက်အဖြစ် အခုလတ်တလောဖြစ်နေတဲ့ အီရန်စစ်ပွဲကို သူကိုယ်တိုင် အနီးကပ်ကိုင်တွယ်ချင်လို့ ဖြစ်တယ်လို့အကြောင်းပြချက်ပေးတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




