36 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင် အစီအမံများအရ အောင်လင်းဒွေး ပြိုင်ဘက်မရှိ အကြမ်းဖက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပြန်၊ ဒုတိယဥက္ကဋ္ဌ အဖြစ် စစ်အရာရှိဟောင်း နော်တောင်ကို ခန့်အပ်

Must read

ရန်ကုန်၊ မတ် ၁၈

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အစီအမံအရ လက်ရှိ ကာ/လုံ ကောင်စီ အမှုဆောင်အရာရှိချုပ် တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်ကြီးဟောင်း အကြမ်းဖက် အောင်လင်းဒွေးမှာ အကြမ်းဖက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသည်။

အောင်လင်းဒွေးသည် ကြံ့ဖွတ်ပါတီ၏ နေပြည်တော်အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၃ ၏ အချိုးကျကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် စစ်တပ်၏​ ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားရသူလည်းဖြစ်သည်။

အကြမ်းဖက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသည့် အောင်လင်းဒွေးသည် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ညာလက်ရုံးလူယုံတစ်ဦးလည်းဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကတည်းက စစ်ကောင်စီအတွင်းရေးမှူး၊ စစ်ကော်မရှင်အဖွဲ့ဝင် ၊ကာလုံအမှုဆောင်အရာရှိချုပ် စသည်ဖြင့် ရာထူးအမျိုးမျိုးရယူကာ အာဏာသိမ်းမှု၏ အဓိက ပါဝင်သူ တစ်ဦးဖြစ်သည်။

အောင်လင်းဒွေးသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ပြီး မင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီး ရာထူးအထိ အဆင့်ဆင့် တိုးမြှင့်ပေးခြင်း ခံခဲ့ရသူလည်းဖြစ်သည်။

အောင်လင်းဒွေးသည် စစ်တပ်တွင် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်း အုပ်ကြီး၊ စစ် တက္ကသိုလ် ကျောင်းအုပ်ကြီး ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်မှတ်တမ်းရုံး ညွှန်ကြားရေးမှူးချုပ်၊ စစ်ဥပဒေချုပ် ရာထူးတာဝန်များကိုလည်း ထမ်းဆောင်ခဲ့သူဖြစ်သည်။

ယင်းအပြင် ဒုတိယဥက္ကဋ္ဌ အဖြစ် စစ်အရာရှိဟောင်းလည်းဖြစ်၊ ကချင်ပြည် နယ် အမျိုသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ နော်တောင်ကို ခန့်အပ်ကြောင်း သိရှိရသည။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article