By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၁၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်သူတွေ၊ CDM ဝန်ထမ်းတွေနှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိထားသူ တွေကို နိုင်ငံကူးလက်မှတ် (Passport) ထုတ်မပေးဖို့ တားမြစ်ပိတ်ပင်တဲ့ “မြန်မာနိုင်ငံကူး လက်မှတ်ဆိုင်ရာဥပဒေ” အသစ်တစ်ရပ်ကို မနေ့က မတ်လ ၁၇ ရက် ညပိုင်းတွင် ထုတ်ပြန်ပြဋ္ဌာန်းလိုက်ပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့ကနေ ပေါက်မြို့ကို ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်ရိက္ခာပို့ယာဉ်တန်းကို လမ်းတစ်လျှောက် လိုက်လံ မိုင်းဆွဲတိုက်ခိုက်ခဲ့ တာကြောင့် ကားတွေ ထိခိုက်ပျက်စီးမှုရှိပြီး စစ်တပ် ကလည်း ကျေးရွာတွေကို ဝင်ရောက်စီးနင်းကာ ပြည်သူပိုင် ပစ္စည်းတွေကို စိတ်ကြိုက်ခိုး ယူနေတယ်လို့ ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF ရဲ့ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ စည်ဆွဲကျေးရွာမှာ အကြမ်း ဖက် စစ်တပ်ထောင်ခဲ့တဲ့ မြေမြှုပ်မိုင်းနင်းမိ တာကြောင့် စစ်ဘေးရှောင်အမျိုးသားတစ်ဦး ခြေထောက် ပြတ်ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့ကထုတ်ပြန် ထားပါတယ်။
မဟာမိတ်တွေ မကူညီလည်း ဂရုမစိုက်ဘူးလို့ အမေရိကန်သမ္မတ ထရမ့်က ကြုံးဝါးလိုက်ပြီး ဟော်မုဇ်ရေလက်ကြားအတွက် အမေရိကန် တစ်ဦးတည်း ရပ်တည်မယ်လို့ ထုတ်ဖော်ပြောဆို လိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




