36 C
Yangon

ဖားကန့်၊ ဥရု နေ့စဉ်သတင်းဌာနမှ အယ်ဒီတာ ကိုတာလင်းမောင်ကို လက်နက်ကိုင်တစ်စုက ဖမ်းဆီးသွား၍ ပျောက်ဆုံးနေသဖြင့် တော်လှန်ရေး အဖွဲ့က လိုက်လံ ရှာဖွေနေ

Must read

ရန်ကုန်၊ မတ် ၁၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အခြေစိုက် ဥရုနေ့စဉ် သတင်းဌာနအယ်ဒီတာကိုတာလင်းမောင်ကို လက်နက်ကိုင် လူတစ်စုက ဖမ်းဆီးသွားသဖြင့် ပျောက်ဆုံးနေပြီး တော်လှန်ရေး အဖွဲ့အစည်း အသီး သီးက လိုက်လံ ရှာဖွေနေကြောင်း ဖားကန့်သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၇ ရက် ညနေ ၅ နာရီခန့်က ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာအတွင်းရှိ လက် ဖက်ရည်ဆိုင်သို့ မိတ်ဆွေဖြစ်သူတစ်ဦးက ခေါ်ဆိုသည်ဟု ဆိုကာ တစ်ဦးတည်း ထွက်သွားရာက လမ်းမပေါ်တွင် လက်နက်ကိုင် လူတစ်စု၏ ဖမ်းဆီးခြင်း ခံလိုက်ရကာ ပျောက်ဆုံးနေခြင်းဖြစ် ကြောင်း၊ ထိုသို့ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ KIO/KIA အပါအဝင် တော်လှန်ရေးအဖွဲ့အစည်း အသီး သီးကလိုက်လံရှာဖွေနေကြောင်း သိရသည်။

“လက်ရှိအခြေအနေကတော့ ဘာကြောင့်ဖမ်းသွားတာလဲဆိုတာ မသိရသေးဘူး။ သေချာအောင် တော့ ဒီမနက်ကစပြီး အဖွဲ့အစည်း အသီးသီးက လူကြီးတွေ လိုက်လံရှာဖွေနေကြပါပြီ။ ပုဂ္ဂိုလ်ရေး အရ အချင်း ချင်းဆွဲတာလို့လည်း ထင်ကြေးနဲ့ပြောနေကြတယ်။ မှော်ဒေသမှာက လူပေါင်းစုံ၊ စရိုက် ပေါင်းစုံနဲ့ တော်လှန်ရေးထဲမှာလည်း ဒီအတိုင်းပဲ၊ တော်တော်တော့ခက်တယ်” ဖားကန့်သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ကိုတာလင်းမောင်သည် ဖားကန့်မြို့နယ် သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး (ပြန်/ဆက်) ဌာနမှ CDM ပြုလုပ်ထားသူ ၁ ဦးဖြစ်ပြီး ဖားကန့်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်အဖွဲ့၏ ပြန် ကြားရေးတာဝန်ယူထားကာ ဒေသအခြေစိုက် ဥရုနေ့စဉ်သတင်းဌာန အယ်ဒီတာအဖြစ် လုပ်ကိုင် နေသူဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့တွင် ဖြစ်ပွားနေသည့် စစ်သားသစ်စုဆောင်းရေးနှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ရေး သားခဲ့မှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားသော်လည်း အတည်ပြုနိုင်ခြင်းမရှိ သေးပေ။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း ကိုတာလင်းမောင်အပါအဝင် သတင်း ထောက်နှစ်ဦးကို KIO/KIA က ဖမ်းဆီးစစ်ဆေးခဲ့ပြီး ၄၅ ရက်ကြာသည့်အချိန်တွင် ပြန်လွှတ်ပေးခဲ့ဖူးသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article