36 C
Yangon

ဖရူဆိုမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ ချောင်းအတွင်းရေခပ်ဆင်းလာသည့် စစ်သားများကို တိုက်ခိုက်မှုု ၅ ဦးသေဆုံးပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ မတ် ၁၈

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ နန်းဖဲကျေးရွာအနီး ချောင်းအတွင်းရေခပ်ဆင်းလာသည့် စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီတော် လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၆ ရက်နေ့ ဖရူဆိုမြို့နယ်၊ နန်းဖဲကျေးရွာအနီးသို့ ရောက်ရှိလာသော စစ်တပ် စစ်ကြောင်း မှ ချောင်းအတွင်း ရေခပ်ဆင်းလာသည့် စစ်ကော်မရှင်တပ်သားများကို ကရင်နီတော်လှန်ရေး တပ်ဖွဲ့ဝင်များက လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ် ရာရရှိသူများလည်းရှိကာ လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“နန်းဖဲကျေးရွာနားက ချောင်းထဲမှာဖြစ်တာ။ သေတာကတော့ လက်နက် ၅ လက်ရတယ်ဆိုတော့ ၅ ယောက်ထက်တော့ မနည်းဘူး။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ၃ ဦး၊ ၄ ဦးလောက်ရှိတယ်လို့ သိရတယ်၊ တော်လှန်ရေးတပ်ဖွဲ့ဝင် တွေဘက်ကအထိအခိုက်မရှိပါဘူး” ဟု ကရင်နီ တော်လှန် ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြာသးည်။

အဆိုပါ စစ်သားများမှာ ဖရူဆိုမြို့မှ ဘောလခဲမြို့သို့ အင်အားဖြည့်တင်းရန် ထွက်လာသည့် ယာဉ် တန်း အတွက် လုံခြုံရေးယူပေးရန် ရောက်ရှိနေသည့် စစ်သားများဖြစ်ပြီးနန်းဖဲကျေးရွာတွင် တပ်စွဲ နေရာယူထားကြောင်း၊ ယင်းကျေးရွာရှိ စစ်သားများက အရပ်သားပြည်သူများနေထိုင်ရာ နေရာများ ကို အသေခံ ဒရုန်းများ ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် ဘောလခဲခြေစိုက် တပ်ရင်းကလည်း လက် နက်ကြီးဖြင့် ၁၀ လုံးထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ‌ေ့ကြာင်း သိရသည်။

အလားတူ မတ်လ ၅ ရက်နေ့ နံနက်ပိုင်းကလည်း ဖရူဆို -ထားလဲ -နန်းဖဲ-ဘောလခဲလမ်းမကြီး ပေါ် သို့ လမ်းပြင်ရန် ဘက်ဟိုးပါ စစ်ယာဉ်တန်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ဘက်ဟိုးကားလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ဒီးမော့ဆို- ဖရူဆို- ဘောလခဲ လမ်းမကြီး တစ်လျှောက်တွင် စစ်ကောင်စီတပ်များနှင့် ကရင်နီတော် လှန်ရေးတပ်များအကြား မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ပြည်သူများ အနေဖြင့် ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article