29 C
Yangon

မင်းတုန်းတွင် တပ်ချိန်းရန်လာသည့် စစ်ကားနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ မတ် ၁၉

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် တပ်ချိန်းရန်လာသည့် စစ်ကားနှင့် စစ်ကြောင်းကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ ပြန်ကြားရေးတာ၀န်ခံ ကိုသာချိုက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် သရက်မြို့နယ် အခြေစိုက် ကပစ ၁၂ မှ ထွက်ခွာလာသော သံပြာကာကားများနှင့် ခြေလျင်စစ်ကြောင်း ပါဝင်သည့် အင်အား ၇၀ ခန့်သည် မင်းတုန်းမြို့နယ်၊ ကျောက် တိုင် စစ်တပ် အထိုင်ဂိတ်စခန်းကို တပ်ချိန်းရန်ရောက်ရှိလာစဉ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါထိတွေ့ တိုက်ပွဲတွင် မင်းတုန်းမြို့နယ်၊ ခုန်တိုင်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးကာ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကြောင်းသည် စစ်သားအလောင်းများနှင့် ဒဏ်ရာရသူကို ခေါ်ဆောင်ပြီး ကပစ ၁၂ သို့ ပြန်လည် သယ်ဆောင်သွားကြောင်း သိရှိရသည်။

” သရက် အခြေစိုက် ကပစ ၁၂ ကနေ ထွက်လာတဲ့ သံပြာကာကားနဲ့ ခြေလျင်စစ်ကြောင်းပါတဲ့ အင် အား ၇၀ ခန့်က မင်းတုန်းမြို့နယ်ထဲကို တပ်ချိန်းရန် လာရောက်တာကို ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲက ၁၀ မိနစ်လောက်ပဲကြာပါတယ်။ စစ်ခွေးတွေဘက်က ၂ ကောင်သေပြီး ၁ ကောင်ကတော့ ပြင်းထန် ဒဏ်ရာရတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာ စစ်ခွေး အလောင်းနဲ့ ဒဏ်ရာရတဲ့သူကို ခေါ်ဆောင်ပြီး ကပစ ၁၂ ကို ပြန်ဝင်သွားတယ်” ဟု ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ ပြန်ကြာရေးတာ၀န်ခံ ကိုသာချိုက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှု ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်အနီး သွားလာခြင်း မပြုလုပ်ကြရန် ကိုသာချိုက ဆက်လက် ပြောဆိုသည်။

ဓာတ်ပုံ- တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် တိမ်းမှောက်နေသော စစ်ကား ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article