29 C
Yangon

သဖန်းဆိပ်ဆည်ရှိ ရွှေဖောင်များကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံးပြီး ၁၈ ဦးထိခိုက်ဒဏ်ရာရကာ ၂ ဦး ပျောက်ဆုံးနေ

Must read

ရန်ကုန်၊ မတ် ၁၉

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ရှိ ရွှေဖောင်များကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၇ ဦးသေဆုံးပြီး ၁၈ ဦးထိခိုက်ဒဏ်ရာရကာ ၂ ဦး ပျောက်ဆုံးနေကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။

မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဟုမ္မလင်း လေတပ်မှ တက်လာသော Jet Fighter ၂ စီးသည် ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်‌ရှိ ရွှေဖောင်များကို ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စက်လက်များဖြင့် အချက်ရေ ၂၀ ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း ရွှေဖောင် လုပ်ကိုင်နေသော ပြည်သူ ၇ ဦး သေဆုံးကာ ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာလည်း ပျောက်ဆုံးနေကြောင်း၊ ထို့ပြင် ရွှေဖောက် ၁၃ ခုလည်း မီးလောင် ပျက်စီးခဲ့ပြီး သေဆုံးသူတချို့၏ ရုပ်အလောင်းများမှာလည်း မည်သူမည်ဝါဖြစ်သည်ကို ခွဲခြား၍မရတော့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေဖောင်လုပ်ကိုင်နေသော အရပ်သား ပြည်သူများကို အကြမ်းဖက်ထောက်ပံ့သည်ဟု ခေါင်းစဥ်တပ်၍ လေကြောင်းပစ်ခတ်မှုများ ရက်ရက်စက်စက် ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောဆိုထားသည်။

ထို့ပြင် မတ်လ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်နှင့် ညနေ ၆ နာရီ ကျော်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှာ တက်လာသော Jet Fighter ၂ စီးက ကျွန်းလှမြို့နယ် အနောက်ခြမ်းကို လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ဖေဖော်ဝါရီလ ၁ ရက်‌နေ့မှ ၂၈ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၄၂ ဦး သေဆုံးကာ ၂၃၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၃၄ လုံး၊ စာသင်ကျောင်း ၁၀ ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၁၃ ခု၊ ကျန်းမာရေးအဆောက် အအုံ ၂ ခု တို့လည်း ပျက်စီးဆုံးရှုံးဆုံး ခဲ့ကြောင်း၊ ထို့ပြင် အစုလိုက်အပြံလိုက်သတ်ဖြတ်မှု ၉ မှုရှိခဲ့ပြီး ကလေးငယ် ၉ ဦး အပါအဝင် ပြည် သူ ၇၂ ဦး သေဆုံးခဲ့ကြောင်း NUG အစိုးရ၊ လူ့အခွင့်အရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

photo credit – ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article