ရန်ကုန်၊ မတ် ၂၀
အကြမ်းဖက် မင်းအောင်လှိုင် တပ်ချုပ်ရာထူးမှ အနားယူမည့် မတ်လ ၃၀ ရက်နေ့တွင် အကြမ်းဖက် သမ္မတ ရွေးချယ်ရေးပွဲ ပြုလုပ်မည်ဖြစ်ကြောင်း အကြမ်းဖက် လွှတ်တော်နာယက အောင်လင်းဒွေးက ကြေညာသည်။
ယနေ့ အကြမ်းဖက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ပထမနေ့တွင် လွှတ်တော်နာယကအဖြစ် တာဝန်ယူနေသော အကြမ်းဖက် အောင်လင်းဒွေးက ထိုသို့ ကြေညာသွားခြင်းဖြစ်သည်။
စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်ပါတီမှ လွှတ်တော်အမတ်အများစု ပါဝင်နေသော အကြမ်းဖက် လွှတ် တော်များအနက်မှ အကြမ်းဖက် ပြည်သူ့လွှတ်တော်က အကြမ်းဖက် ဒုသမ္မတ ၁ ဦး၊ အကြမ်း ဖက် အမျိုးသားလွှတ်တော်က အကြမ်းဖက် ဒုသမ္မတ ၁ ဦး၊ အကြမ်းဖက်စစ်တပ် ကိုယ်စားလှယ် အစုအဖွဲ့က အကြမ်းဖက် ဒုသမ္မတ ၁ ဦး စီရွေးချယ်မည်ဖြစ်ကြောင်း၊ အဆိုပါ အကြမ်းဖက် ဒုတိယသမ္မတ ၃ ဦးအနက်မှ ၁ ဦးကို အကြမ်းဖက် သမ္မတအဖြစ် မတ်လ ၃၀ ရက်နေ့တွင် ရွေးချယ်မည်ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ယခု မတ်လကုန်တွင် တပ်ချုပ်ရာထူးမှ တရားဝင် အနားယူမည်ဖြစ်ပြီး မတ်လ ၂၇ ရက်နေ့ ပြုလုပ်မည့် စစ်ရေးပြအခမ်းအနားကို နောက်ဆုံးအကြိမ် အဖြစ် တက်ရောက်မည်ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုထားပြီးဖြစ်သည်။
စစ်တပ်အတွင်း ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းကို စစ်တပ်ဦးစီးချုပ် ရာထူး လွှဲပြောင်းရန် အလား အလာ များသည်ဟု ပြောဆိုမှုများရှိသော်လည်း လက်ရှိအချိန်အထိ မည်သူ့ကို လွှဲပြောင်းပေးမည်ကို အတိအကျ မသိရသေးကြောင်း၊ အကယ်၍ ဒုစစ်ခေါင်း ဆောင် စိုးဝင်းကို တပ်ချုပ်ရာထူး လွှဲပြောင်းခဲ့ပါကလည်း ရဲဝင်းဦး၊ ကျော်စွာလင်း အပါအဝင် မင်းအောင်လှိုင်၏ တပည့် လူယုံများစွာက စိုးဝင်းကို ဝန်းရံထားသဖြင့် တပ်ချုပ် ဖြစ်လာမည့် ဒုစစ်ခေါင်းဆောင် စိုးဝင်းတွင် အာဏာအပြည့်အ၀ ချုပ်ကိုင်ခွင့်မရနိုင်သည့် အခြေအနေ ရှိကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်သည် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် စစ်တပ်ဦးစီးချုပ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။





