35 C
Yangon

ထီးချိုင့်စစ်မျက်နှာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းများက ပူးပေါင်းတိုက်ပွဲဝင်နေ

Must read

ရန်ကုန်၊ မတ် ၂၀

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ စစ်မျက်နှာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းများက ပူးပေါင်းတိုက်ပွဲဝင်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က တကောင်းမြို့ကို သိမ်းပိုက်ပြီးနောက် ထီးချိုင့်မြို့ဘက်သို့ ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ကွက်ကဲမှုကို ခံယူထားသည့် တော်လှန်ရေးတပ်များက ထီးချိုင့်စစ်မျက်နှာတွင် MOD တပ်ရင်းများနှင့်အတူ ပူးပေါင်းကာ တိုက်ပွဲဝင်နေကြောင်း သိရှိရသည်။

“လက်ရှိ ထီးချိုင့်စစ်ခွင့်မှာ MOD တပ်ပေါင်းစုနဲ့ပူးပေါင်းပြီး ထီးချိုင့်စစ်ဂွင်မှာ တာဝန်ယူနေပါတယ်။ ပြည်သူတွေအနေနဲ့ စိတ်ဓာတ်မကျပါနဲ့၊ နိုင်တဲ့ဘက်ကနေ ဆက်လက်ဝန်းရံပေးကြဖို့ မေတ္တာရပ် ခံချင်ပါတယ်။ ကျနော်တို့တွေ ရှေ့ဆက်ပြီး တိုက်ပွဲဝင်နေပါတယ်၊ အားတင်းထားပါ” ဟု တော်လှန်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲ ရာတွင် နိုင်ငံတဝှမ်းရှိ တော်လှန်ပြည်သူများအား စုရုံး၍ လည်း‌ကောင်း၊ တော်လှန်ပြည်သူများဖြင့် စုဖွဲ့ထားသည့် ရာ၊ ထောင်ချီ‌သော ကာကွယ်ရေးအဖွဲ့မျိုးစုံကို စုစည်း၍လည်း‌ကောင်း၊ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) များကို ဖွဲ့စည်းထူ ထောင်လျက် တခုတည်းသော ကွပ်ကဲမှုယန္တရားကို ဖော်ဆောင်၍ တော်လှန်တိုက်ပွဲအား ဆင်နွှဲ လျက်ရှိသည်ဟု ဆိုသည်။

ထို့ကြောင့် ကွပ်ကဲမှု‌အောက် မရောက်ရှိသေးသည့် ဒေသကာကွယ်ရေးအဖွဲ့များအားလည်း ကွပ်ကဲမှု‌ အောက် ရောက်ရှိရေး ဆက်လက် စည်းရုံး၍ လည်း‌ကောင်း၊ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ နှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက်လည်းကောင်း အစဉ်အမြဲ ကြိုဆို စည်းရုံးလျက်ရှိ ကြောင်း ဖိတ်ခေါ်ထားသည်။

အထွေထွေထိုးစစ်ကို ဆင်နွှဲရာတွင် တပ်ဖွဲ့များ အကွဲကွဲအပြားပြားဖြင့် ဆောင်ရွက်၍ မဖြစ်နိုင်သော ကြောင့် တခုတည်းသော ကွပ်ကဲမှု၊ တခုတည်းသော ဦးတည်ရာနှင့် စုစည်း ညီညွတ်သော အားထုတ် ကြိုးပမ်းမှုတို့ ရှိနေရန်လိုအပ်‌နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က ပြောဆို ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article