28 C
Yangon

မြောင်မြို့နယ်၊ နဘက်စံပြရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၁ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ် ၅ လုံးပျက်စီး

Must read

ရန်ကုန်၊ မတ် ၂၀

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဘက်စံပြရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၁ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ် ၅ လုံးပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးသည် မြောင်မြို့နယ်၊ နဘက်စံပြရွာကို ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုအတွင်း ကျေးရွာနေပြည်သူ အသက် ၁ လအရွယ် ကလေးငယ် ၁ ဦး ဦးခေါင်းကို ဗုံးစထိမှန်ပြီး ပွဲချင်းပြီး သေဆုံးကာ အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦးလည်း သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ပြည်သူ ၆ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

” ၂ ဦးကတော့ ဆုံးသွားတယ်။ ၆ ဦး ထိခိုက်ဒဏ်ရာရတယ်။ သေဆုံးသူ ၂ ဦးက ၁ လသား အရွယ်ကလေး တစ်ဦးနဲ့ အမျိုးသမီး ၁ ဦးလို့ သိရတယ်။ အမျိုးသမီးကတော့ အသက် ၅၀ နှစ်အရွယ်ပါ။ သေဆုံးသူတွေရော ထိခိုက်ဒဏ်ရာရတဲ့ သူတွေရောက နဘက်ကျေးရွာကပါ။ ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာ ပြင်းထန်တဲ့ သူတွေလည်း ပါဝင်ပါတယ်” ဟု ဒေသပြည်သူများက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများနေထိုင်သည့် ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှုများ နေ့စဉ် လုပ်ဆောင်နေ၍ ပြည်သူများ ဗုံးခိုကျင်းများ ပြုလုပ်ပြီး သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက အသိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article