26 C
Yangon

ငါန်းဇွန်နှင့် ဝက်လက်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးထက်မနည်း သေဆုံး

Must read

ရန်ကုန်၊ မတ် ၂၁

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တို့တွင် စစ်ကောင်စီယာဉ်တန်းနှင့် စစ်ကြောင်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းနှင့် လက်နက်ကြီးများအသုံးပြု၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အကျအဆုံးများရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

မတ်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ လယ်ဝန်းကုန်းရွာသို့ ဦးတည်ထွက်ခွာလာသည့် စစ်ကား ၃ စီးပါဝင်သော ယာဉ်တန်းကို ဆေးခင်းရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲချ၍ စတင်တိုက်ခိုက်ခဲ့သည်။

ထို့နောက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အဆိုပါစစ်ကြောင်း လယ်ဝန်းကုန်းရွာသို့ ရောက်ရှိလာချိန်တွင် ၆၀ မမ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့သည်။

မြင်းခြံခရိုင်အမှတ် ၁၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း သိရသည်။ တော်လှန်ရေးရဲဘော်များမှာမူ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သော်လည်း စစ်ကောင်စီစစ်ကြောင်းကြောင့် ဆေးခင်းရွာအပါအဝင် အနီးအနားကျေးရွာများမှ ပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“စစ်ခွေး​တွေ ဒဏ်ရာရတာတော့ တော်တော်များတယ်လို့သိရပါတယ်။ အနည်း စစ်ခွေး ၃ ကောင်လောက် ထိခိုက်သေဆုံးနိုင်ပါတယ်။ တိုက်ခိုက်မှု ပြုလုပ်ပြီးတော့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု မြင်းခြံခရိုင်အမှတ် ၁၁ တပ်ရင်း အဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။

အလားတူ မတ်လ ၂၀ ရက်နေ့တွင်ပင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ဘက်ခြမ်းသို့ စစ် ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်များကို မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) စစ်ကြောင်းနှင့် နယ်မြေခံညီနောင်များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

မတ္တရာမြို့နယ် ပကဖ (လက်နက်ကြီးတပ်ခွဲ) က ၈၁ မမ လက်နက်ကြီးများ အသုံးပြုကာ စစ်ကောင်စီစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article