28 C
Yangon

ဇီးကုန်းတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၂၂

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၂ ရက်နေ့တွင် ဇီးကုန်းမြို့နယ်၊ စိန်ဘုံသာရွာဘက်ကို ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက စိန်ဘုံသာရွာအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦး၊ ရဲ ၃ နှင့် ပျူစောထီး ၁ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် ဇီးကုန်မြို့ စစ်ကြောရေး၌ အမည်ဆိုးဖြင့် ကျော်ကြားသော အမှတ် ၄ နယ်ထိန်း ရဲသက်မောင်မောင်နှင့် စိန်ဘုံသာကျေးရွာမှ ပျူစောထီး ရဲမင်းအောင် လည်းပါဝင်ကြောင်း သိရှိရသည်။

“ဇီးကုန်၊ စိန်ဘုံသာရွာဘက်ကိုလာတဲ့ စစ်ခွေးစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၄ ကောင်၊ ရဲ ၃ ကောင်နဲ့ ပျူစောထီး ၁ ကောင်သေဆုံးပါတယ်။ ဖြစ်စဉ် အပြည့်အစုံကိုတော့ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေ့ ထုတ်ပြန်ပါလိမ့်မယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ဇန်နဝါရီလပိုင်းကလည်း အကြမ်းဖက် စစ်တပ်က အတုယောင် ရွေးကောက်ပွဲ အပိုင်း ၂ ပြုလုပ်ရန် ပြင်ဆင်နေချိန် နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် မင်းလှမြို့နယ် အတွင်းရှိ အကြမ်းဖက် အထိုင်ချတပ်စွဲထားသော စစ်တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် စစ်သား ၅၀ ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကာ မဲပုံး နှင့် မဲစာရင်းများပါ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article