28 C
Yangon

မြိုင်ရှိ ကန်နီပျူစောထီးရွာမှ ကင်းပတ်ရန် ထွက်လာသော စစ်တပ်ကို တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ဘုတ်ပြင်းတွင်လည်း စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ မတ် ၂၂

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကန်နီပျူစောထီးရွာမှ ကင်းပတ်ရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၂ ရက်နေ့တွင် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာမှ ကင်းပတ်ရန် ထွက်လာသော အင်အား ၂၀ ဦးခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပခုက္ကူခရိုင် အမှတ်(၆)တပ်ရင်းမှ ဦးဆောင်၍ တော်လှန်ရေးတပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထိုထိတွေ့ တိုက်ပွဲသည် ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူများသည် ကန်နီ ပျူစောထီးကျေးရွာမှ ပျူစောထီးများဖြစ်ပြီး ၂ ဦးသည်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ထိတွေ့ တိုက်ပွဲအတွင်းမှာ စစ်ခွေးတွေဘက်က ၃ ကောင်လောက် သေဆုံးတာရှိပါတယ်။ တော်လှန်ရေးရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ကျနော်တို့ အခုနောက်ပိုင်း မစ်ရှင်ဖော်ဆောင်မှုတွေ ကြန့်ကြာနေတာ အားလုံးအသိပါပဲ။ ဒါကလည်း စစ်ရဲ့ သဘောသဘာဝအရ ဆုတ်က တက်ရတဲ့ အခြေအနေမို့ပါ။ အခုကစပြီး သတင်းစိတ်စိတ်တွေနဲ့ ပြန်လာပါမယ်” ဟု အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၂ ၊ ၇ တပ်ရင်များနှင့် အညာမြေ တပ်ပေါင်းစု ဒရုန်းအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို ပျူစောထီးရွာသည် စစ်သားနှင့် ပျူစောထီးများ အင်အားကောင်းသော ကျေးရွာတစ်ခုဖြစ်ပြီး အနီးအနားရှိ ကျေးရွာများမှ ဆိတ်ကျောင်း၊ နွားကျောင်းသော ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း၊ လက်ရှိချိန်တွင် မြိုင်မြို့နယ်တွင် ကန်နီ ၊ သရက်ကန် နှင့် တွင်းမ ပျူစောထီးရွာ ၃ ရွာသာ ကျန်ရှိပြီး ဝက်ပုတ် ၊ သရက်ကွ ၊ ကိုင်းတောမ နယ်မြေရဲစခန်းနှင့် well 2 ရေနံမြေရဲစခန်းတို့ကို တော်လှန်ရေး အင်အားစုများက ၂၀၂၄ တည်းကပင် သိမ်းပိုက်ထားကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး သေနတ် ၃ လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း မတ်လ ၁၉ ရက်နေ့တွင် KNLA တပ်ရင်း ၁၁ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဘုတ်ပြင်းမြို့နယ်ရှိ ရတနာပုံလမ်းပိုင်းကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းနှင့် မဟာမိတ်ညီနောက်က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကာ သေနတ် ၃ လက်ကိုလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု ဖြစ်စဉ် အသေးစိတ် အခြေအနေနှင့် စစ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ် သတင်းဌာနက KNLA တပ်ရင်း ၁၁ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းကို ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိသေးပေ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article