37 C
Yangon

ဆေးရုံတက် ခွဲစိတ်မှု ခံယူခဲ့သော အကြမ်းဖက် မင်းအောင်လှိုင် လူမြင်ကွင်းကို ပြန်ထွက်ပြ၊ စက်သုံးဆီနှင့်ပတ်သက်၍ ထုတ်ပြန်ချက်များ မလိုက်နာလျှင် အရေးယူမည်ဟု ခြိမ်းခြောက်

Must read

ရန်ကုန်၊ မတ် ၂၅

အကြမ်းဖက် မင်းအောင်လှိုင်က ခါးရိုးဆစ်ပေါင်းရောဂါကြောင့် အာရုံကြောညှပ်မှုကို ဆေးရုံတက် ခွဲစိတ်ကုသမှု ခံယူပြီးနော်က ယမန်နေ့တွင် လူမြင်ကွင်းသို့ ပြန်လည် ထွက်ပြလာသည်။

မတ်လ ၂၀ ရက်နေ့ မင်းအောင်လှိုင်မှာ ခါးရိုးဆစ်ပေါင်းရောဂါကြောင့် အာရုံကြောညှပ်ခြင်း (Lumbar Spondylosis with Spinal Stenosis) ဝေဒနာခံစားခဲ့ရသဖြင့် အိန္ဒိယနိုင်ငံမှပါရဂူများနှင့် စစ်ဆေးတပ်ဖွဲ့တို့ ပူးပေါင်း၍ အရေးပေါ်ခွဲစိတ်ကုသမှုကို ၂ နာရီကြာ ပြုလုပ်ခဲ့ကြောင်း ၊ ယင်းနောက် မတ်လ ၂၄ ရက်နေ့ စက်သုံးဆီဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ပြခြင်းဖြင့် လူမြင်ကွင်းသို့ ပြန်လည် ထွက်ပလာကြောင်း သိရှိရသည်။

ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် သုံးစွဲမှုများ စနစ်တကျဖြစ်စေရေးအစည်းအဝေးတွင် မင်းအောင်လှိုင်က စက်သုံးဆီရောင်းဝယ်မှုများကို ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအပေါ် လိုက်နာမှုမရှိဘဲ ရောင်းဝယ်နေမှုများအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုသည်။

မင်းအောင်လှိုင်က ပြည်တွင်းစက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် မကြာမီကာလက မော် တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ သုံးစွဲမှုနှင့် ဆီဖြည့်သွင်းမှုကို စုံ/မ အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်ခြင်း၊ QR Code များအသုံးပြု၍ ဆီဖြည့်ခြင်းစနစ်များ ကို ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရေးအတွက် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာ ဆောင်ရွက်ကြရန် ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း ပြောဆိုသည်။

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့်ပဋိပက္ခသည် အချိန်ကာလအားဖြင့် မည်မျှကြာမြင့်မည်ကို မိမိတို့အနေဖြင့်မသိရှိနိုင်ကြောင်း၊ စက်သုံးဆီရှားပါးမှုကြောင့် သွားလာမှုများခက်ခဲပြီး ကုန် ဈေးနှုန်းများကြီးမြင့်လာနိုင်ကြောင်း၊ စက်သုံးဆီရောင်းဝယ်မှုများကို ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအပေါ် လိုက်နာမှုမရှိဘဲ ရောင်းဝယ်နေမှုများအား အရေးယူဆောင်ရွက်သွားရန် လိုအပ်မှုအခြေအနေများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များအား ဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ဆိုပါက ဆီသုံးစွဲမှုများကို ပိုမိုလျှော့ချသွားနိုင်ကြောင်း၊ စက်သုံးဆီများအား တရားမဝင်လုပ်ငန်းများ ဆောင် ရွက်လျက်ရှိသည့် နေရာဒေသများသို့ ရောက်ရှိမှုမရှိစေရေး စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပကြောင်း ၎င်းက ဆိုသည်။

ပြည်တွင်းစက်သုံးဆီသုံးစွဲမှုကို အကောင်းဆုံး စီမံခန့်ခွဲနိုင်ရန်လိုပြီး အရန်စက်သုံးဆီများကို သိုလှောင်ထားရှိနိုင်ရန်နှင့် ချွေတာသုံးစွဲနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စက်သုံးဆီများကို အမှန်တကယ်အသုံးပြုသည့် ပြည်သူများလက်ဝယ်သို့ ရောက်ရှိစေရေးနှင့် မှောင်ခိုရောင်းဝယ်မှုများ မရှိစေရေး မသမာမှုပြုလုပ်ရောင်းဝယ်နေမှုများကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဆောင်ရွက်သွားရန်လိုကြောင်း၊ မိတ်ဖက်နိုင်ငံများထံမှ စက်သုံးဆီများ ဝယ်ယူရရှိနိုင်ရေး ချိတ်ဆက်ကြိုးပမ်းဆောင် ရွက်သွားရန်လိုကြောင်း မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုသွားသည်။

လက်ရှိတွင် စစ်တပ်က စက်သုံးဆီများကို စီမံချက်ဖြင့် ချွေတာခိုင်းနေသဖြင့် စက်သုံးဆီအရောင်းဆိုင်များအားလုံးတွင် ပြည်သူများ၏ ကားများအားလုံးတ န်းစီကာ ညအိပ်ညလုံးပေါက်စောင့်ဆိုင်း၍ စက်သုံးဆီ ဝယ်ယူနေရကြောင်း ၊ နယ်ပယ်ကဏ္ဍအားလုံးတွင် စက်သုံးဆီ မရရှိတော့သဖြင့် လုပ်ငန်းများ ရပ်ဆိုင်းနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article