23.5 C
Yangon

မြေပြင် တိုက်ပွဲတွင် အထိနာနေသော စစ်တပ်က တိုက်ပွဲအတွင်း ကျဆုံးခဲ့သော PDF ရဲဘော်တချို့၏ ပုံအဟောင်းများကို အသုံးပြု၍ စစ်ရေး အသားစီး ရသည့်ပုံစံဖြင့် ဝါဒဖြန့်နေ

Must read

ရန်ကုန်၊ မတ် ၂၅

အကြမ်းဖက် စစ်တပ်က မြေပြင် တိုက်ပွဲတွင် အထိနာနေ၍ တိုက်ပွဲအတွင်း ကျဆုံးခဲ့သော PDF ရဲဘော်တချို့၏ ပုံအဟောင်းများကို အသုံးပြု၍ စစ်ရေး အသားစီး ရသည့်ပုံစံဖြင့် ဝါဒဖြန့်နေကြောင်း နေပြည်တော် တပ်ရင်း ၉၀၁ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်၏ ဝါဒဖြန့်ရေးအတွက် တာဝန်ယူထားသော လော်ဘီများက နေပြည်တော် PDF တပ်ရင်း ၉၀၁ နှင့် တပ်ရင်း ၈၀၅ မှ ရဲဘော် တချို့၏ ပုံများကို အသုံးပြု၍ စစ်တပ်က စစ်ရေးတွင် အသားစီရသည့်ပုံစံဖြင့် တယ်လီဂရမ် ချန်နယ်များတွင် ဝါဒဖြန့်နေခြင်းဖြစ်ကြောင်း သိရသည်။

စစ်လော်ဘီများ ဝါဒဖြန့်နေသည့် ဓာတ်ပုံများတွင် ရေတာရှည်တိုက်ပွဲနှင့် မိုးဗြဲတိုက်ပွဲများ အတွင်း လွန်ခဲ့သော ၁ နှစ်ကျော်ခန့်က ကျဆုံးခဲ့သော နေပြည်တော် PDF ၈၀၅ တပ်ရင်းမှ ရဲဘော်ငတေ နှင့် ၉၀၁ တပ်ရင်း မှ ရဲဘော် လျှပ်စီး တို့၏ ဓာတ်ပုံများ ပါဝင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေး လော်ဘီတွေက နေပြည်တော် PDF ကျဆုံး ရဲဘော်ဟောင်းပုံတွေကို အသုံးပြု၍ ဝါဒဖြန့်နေတာ စစ်ခွေးလော်ဘီ မှိုင်းဝေ တယ်လီဂရမ် ချန်နယ်က လုပ်နေတာပါ။ နေပြည်တော် PDF တပ်ရင်း ၈၀၅ နဲ့ တပ်ရင်း ၉၀၁ က ကျဆုံးရဲဘော်ဟောင်းတွေရဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး တိုက်ပွဲတွေ အတွင်းမှာ PDF တွေပဲ အကျအဆုံးများ နေသယောင်နဲ့ ဝါဒဖြန့်တာပေါ့။ သူတို့ စစ်တပ်က ဒေသအနှံ အကျအဆုံးများနေတာကို သူတို့ နေပြည်တော်စစ်ရုံးက သိနေတယ် ဒါကြောင့် ဝါဒဖြန့်ခိုင်းတာ ထိုးစစ်တွေသာ လုပ်နေတာ စစ်တပ် အကျများတော့ PDF ၊ ERO တပ်တွေရဲ့ ရဲဘော်ကျဆုံးမှုရှိခဲ့ဘူးတဲ့ ပုံတွေကို ပြန်သုံးပြီး စစ်တပ်ထောက်ခံသူတွေ အရပ်သား ပြည်သူတွေကို ပုံမှားရိုက်တာက အခုမှမဟုတ်ဘူး။ တစ်လျှောက်လုံးလုပ်နေတာပါ” ဟု နေပြည်တော် တပ်ရင်း ၉၀၁ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ဆွာမြို့နယ်၊ စည်ပိုင်း ကျေးရွာအနီး၌ အကြမ်းဖက်စစ်တပ်၊ PNO ပြည်သူ့စစ်များ ပူးပေါင်းစစ်ကြောင်းနှင့် နေပြည်တော် PDF တပ်ဖွဲ့ အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုမရှိခဲ့သော်လည်း စစ်တပ်က PNO တပ်ဖွဲ့ဝင်များ သေဆုံးသည့် ရုပ်အလောင်းများကို ဓာတ်ပုံရိုက်ပြီး PDF တပ်ဖွဲ့ဝင်များ ကျဆုံးသည်ဟု လိမ်လည် ဝါဒဖြန့်ခဲ့သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article