37 C
Yangon

မကွေးလေတပ် ဌာနချုပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရပြီး ပျက်စီးမှုရှိ၊ စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်

Must read

ရန်ကုန်၊ မတ် ၂၆

မကွေးတိုင်း၊ မကွေးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ မကွေးလေတပ် ဌာနချုပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခံရပြီး ပျက်စီးမှုရှိကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၅ ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် မကွေးမြို့ပေါ်ရှိ မကွေးလေတပ်စခန်း ဌာနချုပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို တိုက်ခိုက်မှုကြောင့် လေတပ်စခန်း အတွင်း ထိခိုက်ပျက်စီးမှုရှိသော်လည်း အခြေအနေ အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“မနေ့က ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်တာလို့ သိရတယ်။ အလုံးရေ ၅ လုံးမထက်မနည်းပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ လေတပ် စခန်းအတွင်း ရှော့တိုက်ဒုံးတွေ ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ ထိခိုက်မှုရှိတာပဲ သိရတယ်။ အခြေအနေ အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။ သက်ဆိုင်ရာ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ပါလိမ့်မယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထိုသို့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မကွေးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၃၀၁ တပ်ရင်းနှင့် ခမရ ၃၁၇ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် စစ်ကား အများအပြားလည်း မကွေးလေတပ်စခန်း ဌာနချုပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်တပ်က လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်မှုသည် ယနေ့ နံနက်အစောပိုင်းထိ ပြုလုပ်ခဲ့ပြီး မကွေးလေတပ်စခန်း အနီးကိုလည်း နံနက်အစောပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က နယ်မြေရှင်းလင်းရေးနှင့် ရှာဖွေရေးများ လုပ်ဆောင်နေကြောင်း သိရသည်။

“မနေ့က မကွေးလေတပ် ပစ်ခတ်ခံရပြီးတဲ့နောက်မှာ စစ်ခွေးတပ်ရင်းတွေဖြစ်တဲ့ ၃၀၁ နဲ့ ၃၁၇ ကလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်တာ နံနက်အစောပိုင်းလောက်ထိ လက်နက်ကြီးပစ်သံတွေကြားရတယ်။ မကွေးလေတပ်ထဲမှာလည်း စစ်ခွေးကားတွေရှိနေတုန်းပဲ လေတပ်အနီးက နေရာတွေကို ရှင်းလင်းရေးလုပ်နေတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article