27 C
Yangon

ရမည်းသင်းမြို့နယ် အုပ်ချုပ်ရေးမှူး မောင်ရွှေသိန်း ငလျင်အတွက်ချထားပေးသော အရည်အသွေးမြင့်သံချောင်းများကို အရည်အသွေးနိမ့်သံများနှင့်လဲလှယ်၍ ခိုးယူရောင်းစား

Must read

ရန်ကုန်၊ မတ် ၂၇

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဥက္ကဋ္ဌ မောင်ရွှေသိန်းက ငလျင်ဘေးအန္တရာယ် ပြန် လည်ထူထောင်ရေးအတွက် ချထားပေးသော အရည်အသွေးမြင့သံချောင်းများကို အရည်အသွေးနိမ့် သံချောင်းများနှင့် လဲလှယ်ကာ ကိုယ်ကျိုးအတွက် ပြန်လည်ရောင်းစားနေကြောင်း ငငလျင်ဘေးသင့် ပြည်သူများနှင့် ထွေ/အုပ် သတင်းရင်းမြစ်များထံမှ သိရသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း စစ်ကိုင်းငလျင်ကြီးဖြစ်ပွားပြီးနောက် နိုင်ငံတကာက လှူဒါန်းထားသည့် အရည်အသွေးမြင့် Export သံချောင်းများကို ဝန်ကြီးဌာနများက ငလျင်ဘေးသင့် ပြည်သူများထံသို့ ပြန်လည်ချထားပေးကြောင်း၊ အဆိုပါ အရည်အသွေးမြင့်သံချောင်းများကို မောင်ရွှေသိန်းက ပြည်တွင်းဖြစ် အရည်အသွေးနိမ့်သံများနှင့် လဲလှယ်နေခြင်းဖြစ်သည်။

ယင်းကဲသို့ သံချောင်းများ လဲလှယ်မှုများကို ကားများဖြင့် လာတင်၊ လာချပြုလုပ်ကာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“မောင်ရွှေသိန်းက ငလျင်အတွက်ပေးဝေရမယ့် သံတွေကို Export အလုံးနဲ့ Local အလုံးတွေ လဲလှယ်ပြီး ပြန်ရောင်းစားတာ။ သူလဲလှယ်နေတဲ့ သံချောင်းတွေက ပြည်တွင်းက အရည်အသွေးနိမ့်တဲ့ဟာတွေ။ ရမည်းသင်းမြို့နယ်က ငလျင်အတွက် သံချောင်းတန် ၃ ထောင်ကျော်ရတာလေ၊ အဲဒါတွေကို သူက လဲနေတာ။ သူက မနှစ်တုန်းကလည်း ငလျင်ဘေးအတွက် ဘိလပ်မြေတွေပေးတုန်းကလည်း အဲဒီလိုပဲ ရောင်းစားခဲ့တာ” ဟု ထွေ/အုပ်သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော် စိန်ပန်း ၁၈ ရပ်ကွက်တွင်လည်း အုပ်ချုပ်ရေးမှူး သူရမြင့်ဇော်က ငလျင်ဘေးသင့်ထောက်ပံ့ငွေ လျှောက်ထားပေးမည်ဟုဆိုကာ အိမ်ပြိုသွားသော ပြည်သူများထံမှ လျှောက်လွှာတင်ခအဖြစ် တစ်အိမ်လျှင် ငွေကျပ် ၇ သိန်းခွဲအထိ တောင်း ရမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးလွင်သည်လည်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော နေအိမ်များအတွက် ရရှိသည့် အလှူငွေများကို အပြည့်အဝပေးအပ်ခြင်းမရှိဘဲ ဖြတ်တောက်ယူဆောင်ခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ငလျင်ဘေးအန္တရာယ်ကြောင့် ပြည်သူများမှာ ဝမ်းရေးကျပ်တည်းမှုနှင့် ရင်ဆိုင်နေရချိန်တွင် စစ်ကောင် စီ ခန့် အုပ်ချုပ်ရေးမှူးများသည် မြို့နယ်အသီးသီး၌ ထောက်ပံ့ရေးပစ္စည်းများကို အဆင့်ဆင့်ဖြတ်တောက်ကာ အဂတိလိုက်စားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေးနေ​ပြီး စစ်တပ်ကလည်း တစ်စုံတစ်ရာ အရေးယူမှုမရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article