ရန်ကုန်၊ မတ် ၂၈
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ စီပင်ကျေးရွာအတွင်း ကင်းလှည်နေသော စစ်သား၊ ရဲများကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၃ ဦး သေဆုံးသွားကြောင်း 9 Stars UG တပ်ဖွဲ့မှ တာဝန်ရှိသူက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ မတ်လ ၂၇ ရက် ည ၇ နာရီ ၂၄ မိနစ်က ညောင်လေးပင်မြို့နယ်၊ စီပင်ကျေးရွာတွင် အခြေ ပြုအထိုင်ချ တပ်စွဲထားသည့် ဒိုက်ဦးမြို့နယ် အခြေစိုက် ခ.မ.ရ ၄၄၀ တပ်ရင်းမှ စစ်သားများနှင့် ညောင်လေးပင်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲများသည် ကျေးရွာအတွင်း ကင်းလှည့်နေစဥ် တော်လှန်ရေးတပ် ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၃ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
“ကျေးရွာထဲကို ကင်းလှည့်ထွက်လာတဲ့ အချိန် ကြားဖြတ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ၇ယောက် ၈ ယောက်လောက်တော့ရှိမယ်။ နေရာမှာတင် ၃ ဦးပွဲချင်းပြီး သေတယ်။ နှစ်ဦးက အပြင်းအထန်ဒဏ်ရာရရှိပါတယ်။ ကျနော်တို့ UG ရဲဘော်တွေ အ နေနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ အတွက် သွေးတစ်စက်ပဲကျန်ပါစေ အစွမ်းရှိ သလောက် လေးနဲ့ လှန်ရေး အပေါ် သစ္စာရှိနေပါမယ်” ဟု9 Stars UG တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို 9 Stars Underground Force – Bago Region တပ်ဖွဲ့မှ ရဲဘော်များက လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ 9 Stars UG ရဲဘော်များအနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ခိုက်ချေမှုန်းသွား မည်ဖြစ်ကြောင်း အသိပေးထားသည်။
ဓာတ်ပုံ- စစ်တပ်စစ်ကြောင်းကို KNLA နှင့် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




