27 C
Yangon

ဂန့်ဂေါမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ ကင်းလှည့်နေစဉ် ပျူစောထီး ပြည်ဖြိုးအောင်ကို သေနတ် ၁ လက်နှင့်အတူ အရှင်ဖမ်းဆီးရမိ

Must read

ရန်ကုန်၊ မတ် ၂၈

မကွေးတိုင်း၊ ဂန်ဂေါမြို့နယ်၊ ကျောမြို့ အနောက်ဘက်ခြမ်းတွင် တော်လှန်ရေးတပ်ဖွဲ့များက ကင်းလှည့်နေစဉ် ပျူစောထီးအဖွဲ့ဝင် ပြည်ဖြိုးအောင်ကို သေနတ် ၁ လက်နှင့်အတူ အရှင် ဖမ်းဆီးရမိခဲ့ကြောင်း ကျောမြို့ပကဖအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၈ ရက်နေ့ ကျောမြို့အနောက်ဘက်ခြမ်းတွင် နယ်မြေစိုးမိုးရေးအတွက် ကျောမြို့ပကဖ ၊ တောင်ညာမုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ကင်းလှည့်နေစဉ် ကျောမြို့၊ အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သော ပျူစောထီး အဖွဲ့ဝင် ပြည်ဖြိုးအောင်ကို ကျောမြို့၊ လျှပ်စစ်ရုံးနှင့် ကြားစခန်း အကြားတွင် တွေ့ရှိ၍ အရှင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျူစောထီးအဖွဲ့ဝင် ပြည်ဖြိုးအောင်ထံမှလည်း သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု ၊ ကျည် ၁၄ တောင့်၊ ဆိုင်ကယ် ၁ စီးနှင့် ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“ဖမ်းဆီးရမိတဲ့သူက ပျူစောထီးအဖွဲ့ဝင်ပါ နာမည်ကတော့ ပြည်ဖြိုးအောင်ပါ။ ဘာတာဝန်နဲ့ လာတာလဲတော့ မသိရသေးပါဘူး။ ဖမ်းဆီးရမိတာက ဒီနေ့ပါ။ စစ်ဆေးမေးမြန်းမှုတွေကတော့ပြုလုပ်နေပါတယ်။ စစ်ဆေးမေးမြန်းမှု ပေါ်မူတည်ပြီး အပြစ်တွေကို အရေးယူဆောင်ရွက်သွားမှာပါ” ဟု ကျောမြို့ ပကဖ အဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိချိန်တွင် ဖမ်းဆီးရမိထားသော ပျူစောထီးအဖွဲ့ဝင် ပြည်ဖြိုးအောင်ကို တော်လှန်ရေးတပ်ဖွဲ့များက စစ်ဆေးမေးမြန်းလျက်ရှိပြီး အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ပါက ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကျောမြို့ ပကဖ အဖွဲ့ မှ တာဝန်ရှိသူက ရှင်းပြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article