27 C
Yangon

နောင်ချိုမြို့နယ်၊ ခလရ ၁၄၇ တွင် တပ်ကြပ်ကြီး ကျော်စိုးက စစ်မှုထမ်းတပ်သား မောင်ကိုကိုထက်ကို လူမဆန်စွာ ရိုက်နှက်ညှဉ်းပန်း

Must read

ရန်ကုန်၊ မတ် ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ နောင်ချိုမြို့နယ်အခြေစိုက် ခလရ ၁၄၇ တပ်ရင်းမှ တပ်ကြပ်ကြီး ကျော်စိုးက စစ်မှုထမ်းတပ်သားမောင်ကိုကိုထက်ကို ရွာသားများရှေ့မှောက်တွင် လူမဆန်စွာ ရိုက်နှက်နှိပ်စက်ညှဉ်းပန်းနေကြောင်း တပ်ရင်းသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

ယနေ့ မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်း နောင်ချိုမြို့နယ်၊ သုံးဆယ်ရွာအနီးရှိ ကြူအင်းကျေးရွာတွင် ဘုရားတည်ရန် လုပ်အားပေးနေစဉ်အတွင်း ခလရ ၁၄၇ မှ တပ်ကြပ်ကြီး ကျော်စိုးက စစ်မှုထမ်းတပ်သား မောင်ကိုကိုထက် ကို ကျေးရွာလူထုရှေ့မှောက်၌ပင် ရိုင်းစိုင်းစွာ ဆဲဆိုကြိမ်းမောင်းပြီး လူမဆန်စွာ မတရားရိုက်နှက်ညှဉ်းပန်းခဲ့ခြင်း ဖြစ်သည်။

တပ်ကြပ်ကြီး ကျော်စိုးသည် လက်ရှိတွင် ဟိုနောင်လမ်းခွဲ တပ်စိပ်၌ တပ်စိပ်ဆရာကြီးအဖြစ် တာဝန်ယူထားသူဖြစ်ပြီး စစ်မှုထမ်းတပ်သားများကို အမြဲလိုလို ရန်လိုအနိုင်ကျင့်တတ်သူဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ခလရ ၁၄၇ ရှေ့တန်းစစ်ကြောင်းကို ဗိုလ်ကြီး ကောင်းမွန်ထက်က ဦးစီးနေပြီး ရှေ့တန်းစစ်ကြောင်းရုံးကို ဟိုခိုအကျဉ်းဦးစီးဌာန (အဟောင်း) နေရာတွင် အခြေပြုထားကြောင်း၊ ရိုက်နှက်မှုနှင့်ပတ်သက်၍ တိုင်ကြားရန် ခက်ခဲနေကြောင်း သိရှိရသည်။

“ဘယ်ကိုမှ တိုင်လို့မရဘူး၊ ဘယ်သွားတိုင်ရမလဲတောင် မသိတော့ဘူး။ တပ်ရင်းမှူးလည်း မရှိဘူး။ တပ်က တန့်ယန်းဘက်မှာ အခြေချဗျူဟာနဲ့ တွဲထားတာ” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များတွင် စစ်မှုထမ်းတပ်သားများကို ရှေ့တန်းတက်၍ အသေခံ တိုက်ခိုက်ခြင်း၊ မူးယစ်ဆေးဝါးကျွေးပြီး လုံခြုံရေးကင်းထွက်၍ စစ်ကြောင်းထိုးခိုင်းခြင်း၊ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို သန္ဓေစစ်သားများနှင့်စစ်အရာရှိများက လုပ်ဆောင်ညှဉ်းပန်းနှိပ်စက်နေကြကြောင်း စစ်မှုထမ်းတပ်သားအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article