27 C
Yangon

မြင်းခြံမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၈ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၁၀ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်အများအပြား မီးလောင်ပြာကျ

Must read

ရန်ကုန်၊ မတ် ၂၉

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူ ၆ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၁၀ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်၍ မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် ညောင်ဝန်းရွာနှင့် သက္ကယ်ကျင်းရွာကို မီးရှို့ဖျက်ဆီးစဉ် ကျန်းမာရေး မကောင်း၍ နေအိမ်အတွင်း ကျန်ရှိနေသော ပြည်သူ ၂ ဦးပါ မီးလောင် သေဆုံးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နဘူးအိုင်ရွာအတွင်း တပ်စွဲခဲ့ပြီး စစ်ဘေးရှောင် ပြည်သူများ တိမ်းရှောင်နေသည့် နဘူးအိုင်ရွာ ဘုန်းကြီးကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်း တပ်စွဲထားစဉ် ပြည်သူပိုင်နေအိမ်များမှ ပစ္စည်းများကိုလည်း စိတ်ကြိုက်ခိုးယူသွားပြီး မြင်းခြံ – မြို့သာ လမ်းပိုင်းရှိ ဧကရာဇ် ဆီဆိုင်နှင့် နဘူးအိုင်ဈေးတန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မတ်လ ၂၂ ရက်နေ့တွင် စစ်တပ် စစ်ကြောင်းသည် နဘူးအိုင် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ်အများအပြား မီးလောင် ပြာကျခဲ့ကြောင်း လက်ရှိချိန်ထိ စစ်တပ် စစ်ကြောင်းသည် နဘူးအိုင်ရွာတွ တပ်စွဲထားကြောင်း သိရှိရသည်။

“နေအိမ်ပျက်စီးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။ စစ်ခွေးတွေက ရွာလုံးကျွတ် နီးပါးကို မီးရှို့ဖျက်ဆီးသွားတာ အခုချိန်ထိ စစ်ခွေးစစ်ကြောင်းက နဘူးအိုင်ရွာထဲမှာ တပ်စွဲထားတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မြင်းခြံမြို့နယ် အတွင်းရှိ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ကို စစ်ကြောင်းထိုး မီးရှို့နေသည့် အကြမ်းဖက် စစ်တပ်ကလည်း တောင်ရှေ့ရွာ၊ သပြေသာရွာ ၊ ပြည်တော်သာရွာ၊ သင်္ဘောတင်ရွာ ၊ တောင်ကျွန်းရွာ၊ ကန်းပါးနီရွာ နှင့် နယ်ခြားရွာ တို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး တောင်ကျွန်းရွာမှ အဖွားအို ၂ ဦးကိုလည်း မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကျေးရွာများကို ဆက်တိုက်မီးရှို့နေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များလည်း ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ မတ်လ ၁၇ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ တောင်ကျွန်းရွာမှ ပတ္တာရွာသို့ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးရန် ထွက်ခွာသည့် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ၃ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဗိုလ် ၁ ဦး အပါအဝင် ၁၅ ဦးသေဆုံးပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ် စစ်ကြောင်းသည် ပြန်လည်ဆုတ်ခွာသွားပြီး မတ်လ ၁၈ ရက်နေ့တွင် စစ်သားအလောင်းများကို လာရောက်ကောက်ယူသွားကြောင်း Myingyan Twenty one Guerilla Force – MTGF အဖွဲ့မှ Joker က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ခုကို စစ်တပ်က မီးရှို့ ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article