ရန်ကုန်၊ မတ် ၃၀
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ငပယင်းကျေးရွာ ဆေးပေးခန်းနှင့် စီပါကျေးရွာတို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အနည်းဆုံး ပြည်သူ ၃ ဦးသေဆုံးြိ့း သေဆုံးသူထပ်တိုးလာနိုင်ကြောင်း ဘုတလင်မြို့နယ်ပကဖသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်အချိန်မှစတင်ပြီး စစ်တပ်က တိုက်လေယာဉ်များဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘုတလင်မြို့နယ်အတွင်းသို့ ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ငပယင်းကျေးရွာ ဆေးပေးခန်းထိမှန်၍ ဆေးလာရောက်ကုသနေသူများ အနည်းဆုံး ၃ ဦး သေဆုံးပြီး ၇ ဦးခန့်ဒဏ်ရာရရှိကြောင်း၊ ယင်းအပြင် စီပါကျေးရွာကိုလည်း ထပ်မံ လေယာဉ်ဖြင့် ဗုံးကျဲခဲ့ကြောင်း သိရှိရသည်။
“လေယာဉ်နဲ့ ၂ ကြိမ်ကျဲတာ။ သေဆုံးထိခိုက်စာရင်းကတော့ အတိအကျ မသိရသေးဘူး။ လေယာဉ်တွေကလည်း ထပ်ဝဲနေတုန်းပဲ” ဟု ဘုတလင်မြို့နယ်ပကဖ သတင်းရင်းမြစ်က ပြောဆိုသည။
ယမန်နေ့ မတ်လ ၂၉ ရက်နေ့ကလည်း ပလက်ဝမြို့နယ်အတွင်းရှိ ကြောင်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှတစ်ဆင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၇ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့သည်။




