27 C
Yangon

စစ်တပ်ဦးစီးချုပ် ရာထူးမှ တာဝန်လွှဲပြောင်းပေးအပ်ပွဲတွင် မင်းအောင်လှိုင် ဝမ်းနည်းမျက်ရည်ကျ ငိုခဲ့၍ မထွက်ခွာမီ နောက်ဆုံး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း အစီအစဉ်ဖျက် သိမ်းခဲ့ရ

Must read

ရန်ကုန်၊ မတ် ၃၀

အကြမ်းဖက်စစ်တပ်၏ စစ်တပ်ဦးစီးချုပ်ရာထူးမှ အနားယူပြီး တာဝန်လွှဲပြောင်းပေးအပ်ပွဲတွင် မင်းအောင်လှိုင်မှာ မျက်ရည်ဖြိုင်ဖြိုင်ကျ ငိုကြွေးခဲ့သောကြောင့် ဇေယျာသီရိဗိမ္မာန်မှ မထွက်ခွာမီ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းအစီအစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း နေ ပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်း၊ နေပြည်တော်ရှိ ဇေယျာသီရိဗိမ္မာန်တွင် မင်းအောင် လှိုင်က ရဲဝင်းဦးကို တပ်ချုပ်ရာထူးလွှဲပြောင်းပေးအပ်ပွဲကျင်းပခဲ့ကြောင်း၊ ယင်းသို့ လွှဲ ပြောင်းပေးအပ်ပွဲ တစ်လျှောက်လုံးတွင် မင်းအောင်လှိုင်မှာ မျက်နှာမကောင်းဘဲ မျက် ရည်ဝဲနေခဲ့ကြောင်း၊ မိန့်ခွန်းပြောချိန်တွင်လည်း အသံများ ယိုင်နေခဲ့ကြောင်း သိရှိရသည်။

“ရာထူးလွှဲပြောင်းပေးအပ်ပွဲမှာ ဗိုလ်ချုပ်မှူးကြီးက မျက်နှာကြီးနီနေတာ။ နောက်ဆုံး မိန့် ခွန်းပြောတော့လည်း သူ ၅၂ နှစ်တာ တာဝန် ထမ်းခဲ့တာယ်ဆိုတာကို ပြောတဲ့အချိန်မှာအ သံက တိမ်ဝင်သွားတယ်။ အခမ်းအနားအပြီး နောက်ဆုံး ပြန်ထွက်တဲ့အချိန် ဒုတပ်ချုပ်နဲ့ ဖက်ပြီး နှုတ်ဆက်တဲ့အချိန်မှာ သူမျက်ရည်တွေကျတယ်။ ပြန်အထွက်တစ်လျှောက်လုံး သူ့ဘက်ဘက်လက်မှာ လက်ကိုင်ပုဝါကိုင်ပြီးတော့ မျက်ရည်တွေသုတ်တယ်။” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

တပ်ချုပ်ရာထူးလွှဲပြောင်းအပြီး နေပြည်တော်၊ ဇေယျာသီရိဗိမ္မာန်အထွက်တွင် နောက်ဆုံးမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးမည့်အစီအစဉ်ရှိခဲ့သော်လည်း မင်းအောင်လှိုင်မှာ ဓာတ်ပုံ အရိုက်မခံတော့ဘဲ ကားပေါ်တက်၍ ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

ယနေ့ စစ်တပ်ဦးစီးချုပ်ရာထူးမှ အနားယူချိန် မင်းအောင်လှိုင်သည် ပြည်သူ့လွှတ်တော်တွင် ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းထားပြီဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article